Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၃၃)စစ်ကြောင်းအထိနာတဲ့​ခင်ဦးနဲ့ကန့်ဘလူကို စစ်တပ် ဗုံးကြဲ

တပ်မ (၃၃)လက်​အောက်ခံစစ်​ကြောင်းအထိနာခဲ့တဲ့ ကန့်ဘလူနဲ့ခင်ဦးနယ်စပ်ကို ဒီ​ကနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး၆ ကြိမ်ကြဲခဲ့ပါတယ်။

နိုဝင်ဘာ-၁၂၊၂၀၂၅။အိမ်သွင်/People’s Spring

တပ်မ (၃၃)လက်​အောက်ခံစစ်​ကြောင်းအထိနာခဲ့တဲ့ ကန့်ဘလူနဲ့ခင်ဦးနယ်စပ်ကို ဒီ​ကနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး၆ ကြိမ်ကြဲခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက် ၈နာရီ ၄၇မိနစ်ကနေ မွန်းလွဲ ၂နာရီခန့်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်သွားတာလို့ စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

“ မြေပြင်မှာတိုက်ပွဲမရှိတော့ဘဲမကျေနပ်လို့လာပစ်တာ။ အထိအခိုက်သတင်း မကြားရသေးပါဘူး။ မနက်ကတော့ အထိအခိုက်လုံးဝမရှိဘူး” လို့ ရေဦးမြို့နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ကန့်ဘလူနဲ့ခင်ဦးမြို့နယ်စပ်မှာရှ်ိတဲ့ ကျောက်တိုင်ရွာနဲ့ ကျည်စုရွာကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာဖြစ်ပါတယ်။ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကန့်ဘလူနဲ့ခင်ဦးမြို့နယ်စပ်ကို ဝင်လာတဲ့ တပ်မ(၃၃)လက်​အောက်ခံစစ်ကြောင်းကိုနိုဝင်ဘာလ ၁၂ ရက်မှာ ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်)နဲ့တော်လှန်ရေးအင်အားစုတွေကတိုက်ခိုက်ခဲ့ကြတာပါ။ စစ်ကြောင်းတစ်ခုလုံး အထိနာပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကနဦးထုတ်ပြန်ထားပါ တယ်။

လေကြောင်းကနေဆက်လက်တိုက်ခိုက်နိုင်ခြေရှိတာကြောင့် ဒေသခံတွေအတွက်လုံခြုံရေးသတိပေးချက်ကိုတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ