နိုဝင်ဘာ-၁၄၊ ၂၀၁၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးမှုဆိုးရွားနေပြီး အလုပ်သမားလူငယ်တွေ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။
မုံရွာမြို့မှာ နိုဝင်ဘာဒုတိယပတ်အတွင်း တကျော့ပြန်ပေါ်တာဆွဲဖမ်းဆီးမှုဆိုးရွားလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် ညနေက ကျောက္ကာလမ်းပေါ်မှာ လူငယ်တချို့ကို ပေါ်တာဆွဲသွားကြောင်း မြို့ခံများက ပြောပါတယ်။
“ ဒူးထောက်တောင်းပန်နေကြတာလည်းမရဘူး။ ကားပေါ်တွန်းကန်ပြီး ခေါ်သွားတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူ အရေအတွက် အတိအကျမသိရသေးပါဘူး။
ဖမ်းဆီးခံရသူတွေဟာ အလုပ်ပြန်နောက်ကျသူတွေလည်း ပါဝင်ကြောင်း၊ အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်ချိန်ပြောင်းလဲသက်မှတ်ဖို့ လိုအပ်နေကြောင်း မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က အသိပေးပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲခံရာ စက်မှုဇုန်ကနေ အလုပ်ပြန်လာတဲ့ အလုပ်သမားတွေအပါအဝင် ၃၀ ထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခံလိုက်ကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလက မုံရွာမြို့မှာ ပျော်ပွဲ၊ရွှင်ပွဲတွေ လုပ်ပေးပြီး ပွဲတော်အပြန်လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးခဲ့ပါသေးတယ်။ ဒါ့အပြင် ယခုနိုဝင်ဘာအတွင်းမှာလည်း စျေးရောင်းပွဲတော်နဲ့ စတိတ်ရှိုးပွဲကို ပြုလုပ်ပေးပြီး ပေါ်တာဆွဲဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။
















































