Connect with us

Hi, what are you looking for?

သတင်း

မောတောင် မြို့သိမ်းတိုက်ပွဲ ၃ရက်သာကြာ

မြန်မာ-ထိုင်းနယ်စပ်က မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ကျော်ဖမ်းဆီးရပြီး လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့Force for Federal Democracy(FFD) က ထုတ်ပြန်ပါတယ်။

■​စစ်သုံ့ပန်း ၄၀ကျော် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေ ရရှိ

နိုဝင်ဘာ-၁၄၊ ၂၀၂၅။/People’s Spring

မြန်မာ-ထိုင်းနယ်စပ်က မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၄၀ကျော်ဖမ်းဆီးရပြီး လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့Force for Federal Democracy(FFD) က ထုတ်ပြန်ပါတယ်။

BPLA၊ FFDနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဒီနေ့ နိုဝင်ဘာ ၁၄ရက်မှာ သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်သုံ့ပန်း(၄၀)ကျော် ဖမ်းဆီးရမိခဲ့ပြီး ၁၂၀ မမ လက်နက်ကြီး ၂လက်၊ ကျည် ၁၈၇ တောင့်၊ .5 စက်သေနတ် ၁လက် ၊ ၆၀ မမ ၃လက်၊ RPG ၂လက်၊ ငါးကြင်းမြီး ၁လက်၊လက်နက်ငယ် ၃၆လက်နဲ့ အခြားလက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

မောတောင်မြို့ဟာ စစ်‌ကောင်စီ ကုန်သွယ် ရေးအရေးပါတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး သုံးရက်အတွင်း အပြီးသိမ်းနိုင်ခဲ့တာလို့ FFDကလည်း ထုတ်ပြန်ထားပါတယ်။

“ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနီးကာမ တနင်္သာရီတိုင်းမှာ မောတောင်မြို့ကိုသိမ်းပြီး ရှမ်းမြောက်မှာလည်း စစ်ရေးပြန်လှုပ်ရှားလာတော့ လူထုအတွက်တော့မျှော်လင့်စရာဖြစ်လာပြီ” လို့ ရန်ကုန်မြို့ခံတယောက်က မှတ်ချက်ပြုပါတယ်။

ဆက်စပ်သတင်းများ