Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မှာ တိုက်ပွဲဖြစ်လာနိုင်လို့ ဒေသခံတွေကြိုတင်တိမ်းရှောင်

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲ တွေဖြစ်ပေါ် လာနိုင်တဲ့အတွက် မြို့ခံတွေဟာကြိုတင် တိမ်းရှောင်မှုတွေရှိနေတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့နယ်က ကျေးရွာတွေကို စားသောက်ကုန်တွေ လိုပ်လံဝေငှနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ရဲဘော်တွေ။ ဓာတ်ပုံ - MDY PDF

နိုဝင်ဘာ-၁၄၊၂၀၂၅။တာရာ/People’s Spring

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာအချိန်မရွေးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲ တွေဖြစ်ပေါ် လာနိုင်တဲ့အတွက် မြို့ခံတွေဟာကြိုတင် တိမ်းရှောင်မှုတွေရှိနေတယ်လို့ မိုးကုတ်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်(TNLA)တို့ အပစ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကျန်ရှိနေဦးမယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်တပ်အနေနဲ့ အချိန်မရွေးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တာကြောင့် မန္တလေးမြို့နဲ့ ရှမ်းပြည်နယ်(မြောက် ပိုင်း)ကို မြို့ခံတွေဟာ ရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” အတော်များများပြောင်းရွှေ့နေကြပြီ။ မသိနိုင်ဘူးလေ။ ဘယ်ချိန်တိုက်ပွဲဖြစ်မလဲဆိုတာ။ လေကြောင်းကနေ ဗုံးကြဲချရင် ဘယ်သူမှပြေးမလွတ်ဘူး။ ကြိုရှောင်ထားတော့မမှားဘူးပေါ့” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

နေရပ်စွန့်ခွာသူတွေများလာတာကြောင့် ယာဉ်စီးခမှာ တဦးကျပ်ခြောက်သိန်းကနေ ရှစ်သိန်းကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးမြို့အဝင်မှာလည်း နေရပ်စွန့်ခွာလာတဲ့မိုးကုတ်ဒေသခံတွေကို စစ်တပ်က တင်းတင်းကြပ်ကြပ်စ်စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မိုးကုတ်မြို့ခံတွေဟာ စစ်ကောင်စီပြန်လည်ဝင်ရောက်လာမှာကို လက်မခံကြောင်းနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဖော်ထုတ်ပြသတဲ့အနေနဲ့ နိုဝင်ဘာ ၆ရက် ည ၈နာရီမှာ မြို့လုံးကျွတ် သံပုံးတီးဆန္ဒပြခဲ့ပါတယ်။

ဒီတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တာမို့ စစ်အာဏာရှင်စနစ် ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး သံပုံးတီးလှုပ်ရှားမှု နည်းနာကို တနိုင်ငံလုံး စည်းလုံးညီညွတ်စွာနဲ့ အခွင့်အခါသင့်ရင် သင့်သလို အသုံးပြုပြီး ညီညွတ်စွာတော်လှန်ကြရမယ်လို့ General Strike Coordination Body – GSCBက ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၄ ဇူလိုင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ မြို့အုပ်ချုပ်ရေးကို TNLAက ဦး‌ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် TNLAနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ​အောက်တိုဘာလကုန် တွေ့ဆုံဆွေးနွေးပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်တပ်ဆီပြန်လွှဲ​ပေးဖို့အပါအဝင် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့TNLAက အောက်တိုဘာ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ နှစ်ဖက် ၉ ကြိမ်​မြောက်​တွေ့ဆုံမှုမှာသ​ဘောတူခဲ့ကြတာပါ။

တရုတ်ရဲ့ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးအပစ်ရပ်စဲခဲ့ရတဲ့ အခြေအနေကို TNLAက ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDFနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ်ဗျူဟာ၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ထိန်းချုပ်နယ်မြေတွေ ကာကွယ်ဖို့ မိတ်ဖက်တော်လှန်​ရေးအင်အားစု​တွေနဲ့ လက်တွဲပြီး အစွမ်းကုန်လုပ်ဆောင်မယ်လို့ ကြေညာပါတယ်။

ဆက်စပ်သတင်းများ