Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ဘာသာရေးအဆောက်အအုံ ရာနဲ့ချီ ဖျက်ဆီးခဲ့ကြောင်း ဗာတီကန် သတင်းဌာနဖော်ပြ

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ ဘာသာရေး နယ်မြေနဲ့ အဆောက်အအုံတွေ ရာနဲ့ချီ ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တယ်လို့ ဗာတီကန် အခြေစိုက် သတင်းဌာန Fidesက ဖော်ပြခဲ့ပါတယ်။

စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့​တဲ့ ခရစ်ယာန်ဘုရား​ကျောင်းတစ်​ကျောင်း။ဓါတ်ပုံ-AFP

နိုဝင်ဘာ-၁၄၊၂၀၂၅။People’s Spring

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ ဘာသာရေး နယ်မြေနဲ့ အဆောက်အအုံတွေ ရာနဲ့ချီ ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တယ်လို့ ဗာတီကန် အခြေစိုက် သတင်းဌာန Fidesက ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ သတင်းကြေညာချက်ထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီတွေ၊ ဝတ်ပြုဆောင်တွေ စုစုပေါင်း ၂၀၀ ကျော်ဟာ ထိခိုက်တာ၊ အလုံးစုံ ပျက်စီးတာတွေ ကြုံခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။တချို့ ဘာသာရေးအဆောက်အအုံတွေမှာ လုယက်မှုတွေလည်း ခံခဲ့ရပါတယ်။

ဖြစ်စဉ်အများစုရဲ့လက်သည် တရားခံဟာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဆိုတာ အတည်ပြုထားနိုင်ကြောင်း ပြည်တွင်းက သတင်းရင်းမြစ် တစ်ဦးက Fidesဆီ ပြောကြားခဲ့ပါတယ်။ ဘာသာရေး နယ်မြေတွေ၊ အဆောက်အအုံတွေ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ အဓိက ကြုံတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ဒေသတွေမှာ စစ်တပ်ကအရပ်သား ဧရိယာတွေကိုပါ မရှောင်ဘဲ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ဟာဘာသာရေး အဆောက်အအုံတွေသာမကဘဲကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံတွေကိုပါ တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

Fidesဟာ အခုသတင်းအတွက် ခရစ်ယာန် ဘုန်းတော်ကြီးတွေ၊သာသနာပြု ဝန်ထမ်းတွေ၊ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)နဲ့ Myanmar Witnessလို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု အဖွဲ့အစည်းတွေဆီကအချက်အလက်တွေကို ရယူခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲပြည်တွင်းစစ် ကာလအတွင်းဘာသာရေးအသိုက်အဝန်းတွေမှာ ထိခိုက်မှုတွေ ဘယ်လောက် ကြီးမားခဲ့သလဲ ဆိုတာကိုလည်း ကက်သလစ် အဖွဲ့အစည်းတွေက အသေးစိတ် စာရင်းကောက်ခံမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဘာသာရေးအဆောက်အအုံတွေသာမကဘဲ ဆေးရုံ၊ ဆေးခန်းနဲ့ အခမဲ့ ဆေးကုခန်းတွေ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံပေါင်း ၄၀၀ ကျော်ဟာလည်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရကြောင်း Fidesက ဆိုပါတယ်။ ကျောင်းပေါင်း ၂၄၀ ကျော်ဟာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထောင်သောင်းချီတဲ့ ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့တယ်လို့ Fidasရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီလိုအဖက်ဖက်က နစ်နာဆုံးရှုံးမှုတွေကို တော်လှန်ရေး အားကောင်းရာ ချင်းပြည်နယ်၊ ကရင်နီပြည် နဲ့ ကချင်ပြည်နယ်ထဲက ခရစ်ယာန် လူ့အဖွဲ့အစည်း အများအပြားလည်း သက်ရောက် ခံစားခဲ့ရကြောင်း သိရပါတယ်။

ကိုးကား-Fides

ဆက်စပ်သတင်းများ