Connect with us

Hi, what are you looking for?

သတင်း

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမရှိရေး ကြပ်မတ်မယ်လို့ ရှမ်းတပ် SSPP ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ထိန်းချုပ်နယ်မြေ၊ အိမ်နီးချင်းနိုင်ငံအပါအဝင် ဒေသအတွင်းနိုင်ငံတွေနဲ့ နိုင်ငံ တကာလူမှုအသိုင်းအဝန်းအကျိုးစီးပွားကို ထိခိုက်စေတဲ့ အွန်လိုင်း(Online)ငွေကြေးလိမ်လည်မှုတွေ (ကျားဖြန့်လုပ်ငန်းတွေ) မရှိစေဖို့ အထူးကြပ်မတ်ဆောင်ရွက်မယ်လို့ SSPP/SSAက ဒီကနေ့ နိုဝင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် တရားမဝင်တရုတ်နိုင်ငံသားအချို့ ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - SSPP

နိုဝင်ဘာ-၁၄၊ ၂၀၂၅။ ပုရစ်/People’s Spring

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ထိန်းချုပ်နယ်မြေ၊ အိမ်နီးချင်းနိုင်ငံအပါအဝင် ဒေသအတွင်းနိုင်ငံတွေနဲ့ နိုင်ငံ တကာလူမှုအသိုင်းအဝန်းအကျိုးစီးပွားကို ထိခိုက်စေတဲ့ အွန်လိုင်း(Online)ငွေကြေးလိမ်လည်မှုတွေ (ကျားဖြန့်လုပ်ငန်းတွေ) မရှိစေဖို့ အထူးကြပ်မတ်ဆောင်ရွက်မယ်လို့ SSPP/SSAက ဒီကနေ့ နိုဝင်ဘာ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ နိုဝင်ဘာ ဒုတိယပတ်အတွင်း ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ်မြောက်ပါတီကွန်ဂရက် အပြီး ကြေညာချက်မှာ အခုလို ထုတ်ပြန်ခဲ့တာပါ။

SSPPဟာ ထိန်းချုပ်နယ်မြေအတွင်းက ကျားဖြန့်ငွေလိမ် ဂိုဏ်းအချို့ကို ဝင်ရောက်စီးနင်းပြီး တရုတ်နိုင်ငံသားအချို့နဲ့ ပစ္စည်းတွေ သိမ်းစည်းတာ တွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်မှုရှိခဲ့ပါတယ်။ အခုနှစ်ဆန်းပိုင်းက မိုင်းရှူးမြို့နယ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရဆီလွှဲပြောင်းပေးမယ်လို့ အသိပေးခဲ့ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း နမ့်ခမ်းမြို့နယ်က ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၈၈ဦးကို တရုတ်အစိုးရဆီ SSPPက လွှဲပြောင်းပေးအပ်ခဲ့တာ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၀တပ် UWSA၊ မိုင်းလား NDAA၊ SSPP၊ ကိုးကန့် MNDAAနဲ့ တအာင်း TNLAတို့ဟာ သူတို့ ထိန်းချုပ်နယ်မြေအတွင်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးတာ၊ ကျားဖြန့်လုပ်ငန်းက တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရဆီ လွှဲပြောင်းပေးတာ တွေကို သတင်းထုတ်ပြန် ပြသလေ့ရှိပါတယ်။

SSPPရဲ့ အခုထုတ်ပြန်ချက်မှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးကိုလည်း အထူးကြပ်မတ်မယ်လို့ ဖော်ပြထားပြီး ပါတီကွန်ဂရက်က ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ပါတီဝင်များ တသွေမတိမ်း လိုက်နာဆောင်ရွက်သွားဖို့ လမ်းညွှန်ကြား ဖော်ပြပါတယ်။

ဒါ့အပြင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးရပ်တည်ချက် ချင်း တူညီသော ပါတီ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစားဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ပါတယ်။

SSPPဟာ အာဏာသိမ်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံနေတဲ့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ပြင်ပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလောက်နည်းပါးခဲ့ပါတယ်။ဒါပေမဲ့ စစ်ကောင်စီဟာ SSPP တပ်ဖွဲ့ကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ကြောင်းစွပ်စွဲမှုတွေ ပြုလုပ်လေ့ရှိသလို SSPPကလည်း မူးယစ်ဆေးဝါးနဲ့ မပတ်သက်ကြောင်း၊ SSPPကို နိုင်ငံရေး ဂုဏ်သိက္ခာကျစေဖို့ စစ်ကောင်စီက စွပ်စွဲခြင်းသာဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ