Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူမှာ ပရိသတ်တွေ့ဆုံပွဲလုပ်မယ့် မေမြတ်နိုး

အင်တာနေရှင်နယ်‌မော်ဒယ်အနေနဲ့ ရပ်တည်နေတဲ့ တော်လှန်အနုပညာရှင် မေမြတ်နိုးက စင်ကာပူနိုင်ငံမှာပထမဆုံးအကြိမ် ပရိသတ်နဲ့တွေ့‌ဆုံပွဲ လုပ်သွားမယ်လို့ အသိပေးထားပါတယ်။

နိုဝင်ဘာ-၁၄၊၂၀၂၅။ဆဏ်း/People’s Spring

အင်တာနေရှင်နယ်‌မော်ဒယ်အနေနဲ့ ရပ်တည်နေတဲ့ တော်လှန်အနုပညာရှင် မေမြတ်နိုးက စင်ကာပူနိုင်ငံမှာပထမဆုံးအကြိမ် ပရိသတ်နဲ့တွေ့‌ဆုံပွဲ လုပ်သွားမယ်လို့ အသိပေးထားပါတယ်။

“ မြတ်နိုးကိုယ်တိုင်လည်း ‘Maybies’လို့ချစ်စနိုးခေါ်ရတဲ့ ပရိသတ်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရတော့မှာမို့ ပြောမပြတတ်အောင်ကို စိတ်လှုပ်ရှားဝမ်းသာမိပါတယ်။ Fan Meeting မှာ အားလုံးအတူတူ စကားတွေပြောကြမယ်၊ ရင်ဖွင့်ကြမယ်၊ အတွေ့အကြုံတွေဝေမျှကြမယ်၊ ခရီးပန်းတိုင်ရောက်တဲ့အထိ ဆက်လျှောက်လှမ်းဖို့ ခွန်အားတွေအပြန်အလှန်ပေးချင်ပါတယ်။ ” လို့ ရေးသားပြီး ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။

တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး လာရောက်ချင်တဲ့သူတွေ အနေနဲ့ Registration Form ဖြည့်ပေးရမယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“ ပရိသတ်တဦးတယောက်ချင်းစီတိုင်းဟာ မြတ်နိုးအတွက် တကယ်ကိုနွေးထွေးရတဲ့ အသိုက်အဝန်းလေးတခုဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ အားလုံးရဲ့ အပြုံးတွေကို ကြည့်ပြီး အားလုံးရဲ့ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေအတွက် ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်ပါတယ်။” လို့ မေမြတ်နိုးက ဖိတ်ခေါ်ထားပါတယ်။

ပရိသတ်တွေကလည်း သူ့ရဲ့ပို့စ်အောက်မှာ လာတွေ့ချင်ကြောင်းပြောထားပြီး ထိုင်း ၊ဂျပန် စတဲ့ နိုင်ငံတွေက ပရိသတ်တွေက လည်း လာရောက်ဖို့ တောင်းဆိုထားကြပါတယ်။

မေမြတ်နိုးက လက်ရှိမှာ လန်ဒန်မြို့မှာနေထိုင်ပြီး အင်တာနေရှင်နယ်မော်ဒယ်တစ်ဦးအနေနဲ့ ရပ်တည်နေတာပါ။ သူမက နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေမှာလည်း အနုပညာရှင် တစ်ဦးအနေနဲ့ သူ တတ်နိုင်တဲ့ ဘက်ကနေပါဝင်ကူညီပေးနေ သလို တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှု‌တွေ မှာလည်း ပါဝင် နေတာတွေ့ရပါတယ်။

မေမြတ်နိုးက မြန်မာနိုင်ငံရဲ့ အလှမယ်သမိုင်းကြောင်းမှာ ပထမဆုံး နိုင်ငံတကာအလှမယ်သရဖူ ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook