Connect with us

Hi, what are you looking for?

သတင်း

မော‌တောင်မြို့ကို ပြန်တိုက်ဖို့ လေကြောင်းကစစ်ကူပို့တဲ့ စစ်သားအချို့လက်နက်ချအလင်းဝင်

မောတောင်မြို့က ​တော်လှန်​ရေးတပ်​တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့ စစ်သားတွေထဲက အချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ-၁၆၊၂၀၂၅။အ်ိမ်သွင်/People’s Spring

မောတောင်မြို့က ​တော်လှန်​ရေးတပ်​တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့ စစ်သားတွေထဲက အချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

မောတောင်မြို့အနီးကသဲဖြူရွာကိုနိုဝင်ဘာလ ၁၅ရက်နေ့မှာစစ်တပ်ကရဟတ်ယာဉ်တွေ နဲ့ အင်အား ၂၀၀ ခန့်အထိ ပို့ခဲ့ပြီး အဲ့ဒီထဲကအချို့ဟာ တော်လှန်ရေးအင်အား စုတွေထံ ထွက်ပြေးလာတာလို့စုံစမ်းသိရပါတယ်။

သဲဖြူရွာမှာ စစ်တပ်က တပ်စွဲထားတာ ၁နှစ်နီးပါးကြာနေပြီဖြစ်ပြီး အဲဒီနေရာကို အင်အားဖြည့်နေတာလို့ မြေပြင်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“သဲဖြူက နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ဆုံချက်နေရာဖြစ်တယ်။အဲ့ဒီကို အင်အားတွေဖြည့်ပြီး မောတောင်မြို့ထဲကိုလည်း လေကြောင်းကနေတိုက်ခိုက်တာတွေရှိနေ ပါတယ်”လို့ ၎င်းကပြောပါတယ်။

လက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။

နိုဝင်ဘာ ၁၄ရက် နေ့က ​မော​တောင်မြို့ နဲ့ နယ်စပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား ၄၀ကျော်ဖမ်းမိခဲ့ပြီး ထပ်မံဖမ်းမိတဲ့သူတွေနဲ့ဆိုရင် ၅၀နီးပါးရှိနေပြီလို့စုံစမ်းသိရပါတယ်။

တနင်္သာရီတိုင်းထဲက မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာအရေးပါတဲ့မြို့ဖြစ်ပါတယ်။ ​မော​တောင်ကစစ်တပ် ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)၊ PDFနဲ့ ပူးပေါင်းတပ်တွေက လနဲ့ချီပိတ်ဆို့ခဲ့ပြီးနောက် နိုဝင်ဘာလ၁၂ ရက်နေ့မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ၁၄ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။

KNLAနဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နဲ့ Force for Federal
Democracy(FFD) ၊ KNDO ၊ PDF ၊ပကဖ စတဲ့မဟာမိတ်တပ်​တွေ လည်း ပါဝင်ခဲ့ပါတယ် ။

စစ်ကောင်စီကမောတောင်မြို့ကိုပြန် တိုက်မယ်လို့ သတင်းလွင့်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပါတယ်။စစ်တပ်ကနိုဝင်ဘာ
လ၁၅ရက်နေ့ညကလည်း မောတောင်မြို့ထဲကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့သိရပါတယ်။

(​မော​တောင်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း​တွေ နဲ့
သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေကို ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေနဲ့အတူ​တွေ့ရစဥ်။
ဓါတ်ပုံ-KNU)

ဆက်စပ်သတင်းများ