Connect with us

Hi, what are you looking for?

သတင်း

ငလျင်သင့် ဘုံးအိုးရွာမှာမီးလောင်လို့ ယာယီဗလီနဲ့ နေအိမ် ၈လုံး ပြာကျ

ငလျင်ဘေးဒဏ်ကြောင့် လူသေဆုံးမှုများပြားခဲ့တဲ့ အမရပူရမြို့က ဘုံးအိုးကျေးရွာမှာ ဒီမနက်လောင်တဲ့မီးကြောင့် ယာယီဗလီနဲ့ နေအိမ် ၈လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ- CJ

နိုဝင်ဘာ-၁၈၊၂၀၂၅။မေရီ/People’s Spring

ငလျင်ဘေးဒဏ်ကြောင့် လူသေဆုံးမှုများပြားခဲ့တဲ့ အမရပူရမြို့က ဘုံးအိုးကျေးရွာမှာ ဒီမနက်လောင်တဲ့မီးကြောင့် ယာယီဗလီနဲ့ နေအိမ် ၈လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက် ၂နာရီခန့်က အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးများခဲ့တာကြောင့် မန္တလေးမြို့ထဲက မီးသတ်ကားတွေပါ လာရောက်ငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီမီးကြောင့် နံကပ်နေအိမ်(၃)လုံး၊ ပျဥ်ကာနေအိမ်(၁)လုံး၊ထရံကာ နေအိမ်(၄)လုံး၊ ဂိုထောင် (၁)လုံးနဲ့ နွားစာတဲ(၁)လုံးပြာကျပြီး ဆိတ်(၄)ကောင်ပါ သေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့အပြင် ငလျင်ကြောင့် ဗလီတွေပြိုသွားခဲ့တာကြောင့် ယာယီလုပ်ထားတဲ့ဗလီပါ ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ငလျင်ကြောင့် ဒဏ်ရာတွေမပျောက်သေးတဲ့ရွာက အခုမီးလောင်တာပဲ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဆိတ်တွေခြင်မကိုက်အောင် ကောက်ရိုးနဲ့ မီးမွှေးထားပေးခဲ့ရာကနေ လောင်ကျွမ်းတာလို့ မီးသတ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ဘုံးအိုးရွာမှာ ဗလီတွေပြိုကျပြီး သေဆုံးသူ ၁၀၀ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ