နိုဝင်ဘာ-၁၈၊၂၀၂၅။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လူထုမပါတဲ့ စစ်ကောင်စီရွေးကောက်ပွဲကို မထောက်ခံကြောင်း ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၈) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အညာမြေတနေရာမှာ လူထုသပိတ်အင်အားစုက ဦးဆောင်ပြီး နိုင်ငံရေးပြယုဒ်အဖြစ် ပုံဖော်နေတဲ့ စစ်ကောင်စီရဲ့ လူထုမပါဝင်တဲ့ ရွေးကောက်ပွဲကို မထောက်ခံကြောင်းနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ “ တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကို ကိုင်ဆောင်ပြီး “ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ၊ “ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။



















































