Connect with us

Hi, what are you looking for?

သတင်း

SDBဘဏ်ရှယ်ယာ၂နှစ်အတွင်းတန်ဖိုးငါးဆတက်

နွေဦးဖွံ့ဖြိုးရေးဘဏ်(SDB)မှာ အ​ကောင့်ဖွင့်ထားသူ​ပေါင်း ငါးသိန်းခွဲ​ကျော်ရှိ​​နေပြီး လွန်ခဲ့တဲ့ ၂ နှစ်က ရင်းနှီးမြှပ်နှံထားသူ​တွေအတွက် တန်ဖိုးဟာ ငါးဆ တက်သွားပြီဖြစ်တယ်လို့ SDBဘဏ် ၊အမှု ဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က​ပြောပါတယ်။

MEXC အိတ်ချိန်း​မှာ SDB တိုကင်​တွေရဲ့အစုရှယ်ယာတန်းဖိုး အ​ခြေ​အ​နေပြ ဂရပ်

■ SDBတိုကင်ကမ္ဘာ့အိတ်ချိန်း​ဈေးကွက်မှာစာရင်းဝင်ပြီး​နောက် ပြန်​​​ရောင်းသူထက် ဝယ်သူပိုများ​နေဟုတာဝန်ရှိသူ​ပြော

နိုဝင်ဘာ ၁၈၊၂၀၂၅။ဇော်ဝင်း/People’s Spring

နွေဦးဖွံ့ဖြိုးရေးဘဏ်(SDB)မှာ အ​ကောင့်ဖွင့်ထားသူ​ပေါင်း ငါးသိန်းခွဲ​ကျော်ရှိ​​နေပြီး လွန်ခဲ့တဲ့ ၂ နှစ်က ရင်းနှီးမြှပ်နှံထားသူ​တွေအတွက် တန်ဖိုးဟာ ငါးဆ တက်သွားပြီဖြစ်တယ်လို့ SDBဘဏ် ၊အမှု ဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်က​ပြောပါတယ်။

ကမ္ဘာကျော် အိတ်စ်ချိန်းစျေးကွက်မှာ အဆင့်၁၀ အတွင်းမှာပါတဲ့MEXC တရားဝင် စာရင်းဝင်ခြင်း အောင်မြင်မှုအတွက် “နွေဦးဘဏ်၏ ဆန်းသစ်တီထွင် ဘဏ္ဍာရေးအောင်မြင်မှု မှတ်တိုင်များမှသည် မြန်မာနိုင်ငံတော်သစ် စီးပွားရေးလွတ်လပ်မှုဆီသို့” ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၁၈ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ​ပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ဒီ​နေ့ကျွန်​တော်တို့ကြည့်လိုက်မယ်ဆိုရင် Register အ​ကောင့်​ပေါင်း ၅ သိန်းခွဲ​ကျော်ရှိ​နေပါပြီ၊ ​ငွေ​ကြေးလည်ပါတ်မှုကလည်း US ​ဒေါ်လာ one billion ​လောက်ထိတက်​နေပါပြီ ၊​တော်လှန်​ရေးအတွက်လည်း ​တော်လှန်ပြည်သူ​တွေဝန်းရံမှု​ကြောင့် US ​ဒေါ်လာ သန်း ၃၀ နီးပါးကို​ထောက်ပို့နိုင်ခဲ့ပါပြီ “လို့ ဦး ကယ်လ်ဗင်က​ပြောပါတယ် ။

ကမ္ဘာကျော် အိတ်စ်ချိန်း စျေးကွက်မှာတရားဝင် စာရင်းဝင်တဲ့ နိုဝင်ဘာ ၁၄ ရက်​နေ့က SDB ဘဏ်ရဲ့တန်ဖိုးဟာ ​​ဒေါ်လာ သန်း ၅၀၀ ဖြစ်​ပေမယ့် ရက်ပိုင်းအတွင်းတန်ဖိုးဆက်တိုက်တက်လာပြီး နိုဝင်ဘာ ၁၈ ရက်မှာ ​ဒေါ်လာသန်း ၇၀၀ ​ကျော် ၊သန်း ၈၀၀ ကြားလောက်ရှိ​​နေပြီလို့လည်း ဆိုပါတယ်။

“လွန်ခဲ့တဲ့၂နှစ်တိတိက Funding(မတည်​ငွေ)နဲ့ယှဥ်လိုက်မယ်ဆိုရင် ကျွန်​တော်တို့ရင်းနှီးမြှပ်နှံ
ထားတဲ့ ​တော်လှန်ပြည်သူ​တွေကအခုဆို သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုက ငါးဆ တက်သွားပါပြီ”လို့ SDB ဘဏ် အမှု​ဆောင်အရာရှိချုပ်က​ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်တဲ့ဘဏ်စနစ်နဲ့ ငွေကြေးစီးဆင်းမှု ဖြတ်တောက်ဖို့ ၊ တော်လှန်ရေး ရန်ပုံငွေရှာဖွေဖို့ နဲ့ တော်လှန်ရေးအလွန်ကာလမှာ ဖက်ဒရယ်အစိုးရရဲ့ ဘဏ်စနစ် အသင့်ဖြစ်ဖို့ SDB ဘဏ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်မှာ အမျိုးသားညီညွတ်​ရေးအစိုးရ( NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်း နှီးမြှုပ်နှံမှု ဝန်ကြီးဌာန(MOPFI)က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကို ရိုးရှင်းတဲ့ စီးပွားရေးသပိတ်မှောက်မှုတွေ ထက်သီးခြားလွတ်လပ်တဲ့ ဘဏ္ဍာရေး ဂေဟ စနစ်တစ်ခုကို မဖြစ်မနေ ဖန်တီးဖို့လိုလာတဲ့အတွက် SDB ဘဏ်တည်ထောင်တာအပြင် ကမ္ဘာ အိတ်စ်ချိန်း စျေးကွက်ကို ဝင်ရောက်ရေးကြိုးပမ်းခဲ့တာလို့ အသိပေးပါတယ်။

အခုဆိုရင် ဘဏ်မှာ မှတ်ပုံတင်ပြီးအ​ကောင့်ဖွင့်ထားသူ ငါးသိန်းခွဲ​ကျော်ရှီပြီဖြစ်သလို ကမ္ဘာ့စ​တော့​ဈေးကွက်မှာ တရားဝင်​ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ် ။ဒါ​ကြောင့် ပြည်တွင်းမှာပဲဘမဟုတ်ပဲအာဆီယံမှာပါ ကမ္ဘာ့ ဒစ်ဂျစ်တယ်အိတ်ချိန်းမှာ တရားဝင်စာရင်းဝင်တဲ့ပထမဆုံးဘဏ်ဖြစ်တယ်လို့လည်း တာဝန်ရှိသူ​တွေကဆိုပါတယ်။

“SDB ဘဏ်က NUG အစိုးရရဲ့ ဘဏ်လားလို့ မေးလို့ရှိရင် NUG အစိုးရရဲ့ ဘဏ်မဟုတ် ၊မဟုတ်တော့ဘူးလို့ပဲ ကျွန်တော်တို့ ဖြေရမှာပဲဖြစ်ပါတယ်။ဘာ​ကြောင့်လဲ ဆိုတော့ ဒီဘဏ်ဟာမြန်မာပြည်သူ၊ပြည်သားတွေ၊ ရှယ်ယာရှင်တွေ တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ ဘဏ်ဖြစ်ပါတယ်”လို့ NUG ၊စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်း နှီးမြှုပ်နှံမှု ဝန်ကြီးဦးတင့်ထွန်းနိုင်ကလည်းပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းက မြို့နယ် ခြောက်မြို့နယ်မှာစပြီး SDB ရဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းစဥ်တွေ စဆောင်ရွက်နေပြီး ထပ်မံတိုးချဲ့သွားမယ်လို့ ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

“NUG Pay နဲ့ SDB နဲ့ ပေါင်းစပ်ပြီး ကျွန်တော်တို့ စိုးမိုးတဲ့ နယ်မြေတွေ မှာ ကျွန်တော်တို့ ခြေ၊ကျွန်တော်တို့ လက် ကျွန်တော် တို့ ဘဏ်ဏ္ဍာရေးစနစ် နဲ့သွားဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ဒီနောက်ပိုင်းမှာ ထိုင်းတို့ ၊မလေးရှားတို့မှာ ရှိကြတဲ့ ကျွန်တော်တို့ နိုင်ငံသူ၊နိုင်ငံသားတွေအနေနဲ့ ကျွန်တော်တို့ စိုးမိုးဒေသမှာရှိတဲ့ မိဘဆွေမျိုးတွေကို ငွေပြန်လွှဲချင်တယ်ဆိုရင် ဒီဝန်ဆောင်မှုကို တဆင့်ချင်းစနစ်တကျနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမယ်”လို့ဦးတင်ထွန်းနိုင် ကဆက်ပြောပါတယ်။

ဘဏ်က SDB တိုကင်​တွေကို ​ဒေါ်လာ ၂၅ သန်းဖိုး​ရောင်းချခဲ့တာပါ။ဒါအပြင်၂၀၂၆ မှာဘဏ်မှာအ​ကောင့်ဖွင့်သူ ၂ သန်းအထိရည်ရွယ်ထားတယ်လို့သူကဆက်​ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကစပြီး MEXC မှာတရားဝင်စာရင်းဝင် သွားပြီး​နောက် SDB တိုကင်ဝယ်ထားသူ​တွေက စတင်​ရောင်းဝယ်​နေကြပြီဖြစ်​ပြီး ​ဝယ်သူက ၉၀ ရာခိုင်နှုန်း​ကျော်ရှိ​နေတယ်လို့ဘဏ်ကတာဝန်ရှိသူ​တွေက​ပြောပါတယ် ။ ပြန်​ရောင်းသူက၁၀ ရာခိုင်နှန်း​တောင်မရှိပဲ ဝယ်ယူသူများတာ​ကြောင့် ဘဏ်တိုကင်​ဈေးဆက်တိုက်တက်​နေတယ်လို့ ဘဏ်တာဝန်ရှိသူက​ပြောပါတယ်။

ဆက်လက်ပြီး​တော့ ဦးကယ်လ်ဗင်က”မြန်မာပြည်က အကြီးဆုံးဘဏ် ၃ ၊၄ ခုကိုလည်း ကျွန်​တော်တို့မကြာခင် ပြည်သူလူထုဝန်းရံမှု​ကြောင့် တန်ဖိုးအ​နေနဲ့​ကျော်တက်သွားမှာဖြစ်ပါတယ် ။ဒါ​ပေမယ့်ပိုအ​ရေးကြီးတာ တစ်ခုက ​တော်လှန်​ရေးအလွန်ကာလမှာ ပြည်မာပြည်သစ် ပြည်လည်ထူ​ထောင်တဲ့ အချိန်မှာ ​နွေဦး ဘဏ်သည် သူတို့​တွေထက်အများကြီး ၊အများကြီး နိုင်ငံကိုပြန်လည်ပြီး​တော့ထူ​ထောင်နိုင်ဖို့ ၊နိုင်ငံကို Develop လုပ်နိုင်ဖို့ ရင်းနှီးမြှပ်နှံမှုတက်သွားဖို့အများကြီးဦး​ဆောင်နိုင်မယ်ဆိုတာ ကျွန်​တော့အ​နေနဲ့ ယုံကြည်ပါတယ်”လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ