Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်မှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင် ၃ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်နေပြီး အကူအညီလိုအပ်နေ

နိုဝင်ဘာ ၁၉၊ ၂၀၂၅။ဇေအောင်/ People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ရှောင်တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ စစ်ရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ကန့်ဘလူ၊ ရေဦးနယ်စပ်တဝိုက်က ကျေးရွာတွေမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် အဆိုပါ ၃မြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူနှစ်သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက ရေဦးမြို့ပေါ်ကနေ စစ်ရှောင်တွေရှိနေတဲ့ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၂လုံးကျရောက်ပေါက်ကွဲပြီး စစ်ရှောင် အမျိုးသား၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ ရေဦး၊ ခင်ဦး၊ ကန့်ဘလူ နယ်ခံ အကုန် ခင်ဦးနယ်ဘက် စစ်ရှောင်နေကြတာ။ စစ်ရှောင်တွေ ခဏရှိနေတဲ့ အင်းပတ်ရွာထဲ ကျတာပါ။” လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်တွေဟာ စားနပ်ရိက္ခာအခက်အခဲအပြင် ရာသီဥတု အအေးဒဏ်ပါ ရင်ဆိုင်နေရပြီး ကျန်းမာရေးထိခိုက်မှုတွေ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့် စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်အတွက် ကူညီလှူဒါန်းပေးကြဖို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ကန့်ဘလူမြို့နယ်မှ ခင်ဦးမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ကျော်ပါ တပ်မ(၃၃)တပ်တွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပျက်ပြီး စစ်ကြောင်းမှူးအပါ စစ်သားတွေ အများအပြားသေဆုံးကာ စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ