Connect with us

Hi, what are you looking for?

သတင်း

“ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” ဘေဘုတ်တွေထောင်ပြီး စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဘေဘုတ်တွေထောင်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

နိုဝင်ဘာ-၁၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဘေဘုတ်တွေထောင်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အရာ​တော်မြို့နယ်၊ မြင်းမူမြို့နယ်နဲ့ အခြားနေရာအနှံ့အပြားရှိ အဓိက ဆက်သွယ်ရေးလမ်းမတွေပေါ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအဖြစ် “ သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ဘေဘုတ်တွေထောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို ၅/အရတ အရာတော်လူထုသပိတ်နဲ့ မြင်းမူမြို့နယ်သပိတ်တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းဟာ “ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ၊ “ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး” စတဲ့ ကြွေးကြော်သံတွေနဲ့ ညနေဆည်းဆာသပိတ်အဖြစ် ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook