Connect with us

Hi, what are you looking for?

သတင်း

တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေး

မဲစာရင်းမှာအမည်နဲ့နံမှတ်မပါရင် တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေခွင့်မ​ပေးဘူးလို့လည်း စစ်အုပ်စုခြိမ်း​ခြောက်​နေ

နိုဝင်ဘာ-၂၀ ၊၂၀၂၅။ဆိုင်းမင်း၊​နေ့သစ်/People’s Spring

လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာပြုလုပ်မယ့် စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲအတွက် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားတွေ ကြိုတင်မဲပေးကြဖို့ မန္တလေးမြို့က ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးပိုင်းကဖိအားပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရပ်ကွက်တွေမှာ ကြိုတင်မဲပေးကြဖို့ ကားနဲ့လိုက်လံသတိပေးကြေညာတာမျိုး၊ အောက်ခြေအဆင့် အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ဆယ်အိမ်မှုး ၊ရာအိမ်မှုး တွေကနေတဆင့် ပြောဆိုတာတွေ ပြုလုပ်နေတာပါ။

“ ကားနဲ့ ညနေဆိုရင်လိုက်အော်ပြီ၊ ကျောင်းသားရှိတဲ့အိမ်ဆိုရင် အိမ်ထိရောက်လာပြီး ကြိုတင်မဲပေးဖို့လာပြောသွားတာ”လို့ မဟာအောင်မြေမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကြိုတင်မဲကို ရပ်ကွက်ရုံး၊ဓမ္မာရုံတွေမှာ ပေးရမှာလို့သိရပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ တက္ကသိုလ်တွေ ဖွင့်နေပြီဖြစ်ပြီး ကျောင်းသူ၊ကျောင်းသားတွေ ကျောင်းတက်နေရမှာဖြစ်သလို ၊မဲဆန္ဒနယ်ပြင်ပကတက္ကသိုလ်တွေမှာသွားတက်နေကြမယ့်အချိန်လည်းဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကဆိုထားပါတယ်။

ဒါကြောင့် မဲပေးခွင့်မဆုံးရှုံးရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ တက္ကသိုလ် ကျောင်းသား ၊ကျောင်းသူတွေအနေနဲ့ လက်ရှိနိုဝင်ဘာလ ၁၇ ရက်ကနေ ၂၁ ရက်အတွင်း ကြိုတင်မဲပေးသွားကြဖို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ဆော်သြထားတာပါ။

ကြိုတင်မဲမပေးရင်တက္ကသိုလ်၊ကောလိပ်ကျောင်းအပ်လက်မခံဘူးလို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ ဒီသတင်း​တွေကို People’s Spring က အတည်ပြုနိုင်ဖို့ကြိုးစား​နေပါတယ်။

ဒါအပြင်ဧရာဝတီတိုင်းကမြို့နယ်​တွေမှာလည်း အာဏာသိမ်းစစ်အုပ်စုက အသက် ၁၈ ပြည့်ပြီးမှတ်ပုံတင်မရှိ၊ မဲစာရင်းမှာ နာမည် နဲ့ နံပါတ်မပါရင် စာမေးပွဲ ဖြေခွင့်မရှိဘူးလို့ဖိအား​ပေး​နေတယ်လို့ ​ကျောင်းသားနဲ့ မိဘ အချို့က​ပြောပါတယ်။

ဒါ​ကြောင့် မှတ်ပုံတင်မရှိ​သေးတဲ့​ကျောင်းသားတွဟာ မဲစာရင်းမှာ အမည်ပါဖို့ အသဲအသန်လိုက်လုပ်နေကြရတယ်လို့သူတို့က​ပြောပါတယ်။မဲစာရင်းမှာ အမည်မပါရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မိတ္တူ တွေကို စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေထံပေးပို့ပြီးလုပ်ရတယ်လို့သိရပါတယ်။

“ဧရာဝတီတိုင်းတစ်တိုင်းလုံးက ကျောင်းသားတွေ အခုလို မဖြစ်မနေမဲပေးဖို့ အကြပ်ကိုင်ခံရတယ်လို့ထင်ပါတယ်”လို့​ကျောင်းသားတဦးက​ပြောပါတယ်၊

အာဏာသိမ်းစစ်တပ်က လာမယ့်ဒီဇင်ဘာလ ၂၈ ရက်မှာရွေး ကောက်ပွဲ အပိုင်း (၁) အဖြစ် မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ဆိုပါတယ်။

အဲဒီနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျန်တဲ့ရွေးကောက်ပွဲ အပိုင်း (၂) နဲ့ အပိုင်း (၃) ကိုဆက်တိုက်ကျင်းပမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အစိုးရဆီက အင်အားသုံး ဖြိုခွင်းမှုတွေ ရှိမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့တိုင် အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေက နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။