Connect with us

Hi, what are you looking for?

သတင်း

ကလေးသူငယ်များအခွင့်အရေးနေ့မှာ ကလေးတွေကို ထပ်မံသတ်ဖြတ်တဲ့ စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မနေ့ကည (နိုဝင်ဘာ၂၀ရက်)က စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်လို့ (၂)နှစ်အရွယ် ကလေးငယ် တဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ နိုဝင်ဘာ၂၀ရက် ညက စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်လို့ ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

▪️ဖားကန့်ဒေသ စစ်တပ်လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်တဦး သေဆုံး၊ ၄ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မနေ့ကည (နိုဝင်ဘာ၂၀ရက်)က စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်လို့ (၂)နှစ်အရွယ် ကလေးငယ် တဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်တပ်မကုန်းနဲ့ မရှီကထောင်ကုန်းကနေည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ၁၂နာရီခန့်အထိလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဆိပ်မူရပ်ကွက်(၁)နဲ့ ရပ်ကွက်(၃)အတွင်း ကျရောက် ပေါက်ကွဲပြီး နေအိမ်ထဲမှာ ရှိနေသူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ကလေး ၁ယောက်လည်း သေဆုံးတယ်ရှင်။ အဲ့ကလေးလေးရဲ့ အိမ်ကပဲ ၄ယောက် ဒဏ်ရာရတယ်။ အိမ်‌တွေ၊ ကားတွေ ပျက်တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၀ရက်ဟာ ကမ္ဘာ့ကလေးသူငယ်အခွင့်အရေးနေ့ဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးက ကလေးတွေရဲ့ အခွင့်အရေးတွေကာကွယ်ပေးဖို့၊ ဘဝတွေကို မြှင့်တင်ပေးဖို့နဲ့ အသိပညာပေးဖို့အတွက် အဓိကရည်ရွယ်တယ်လို့ ကုလသမဂ္ဂကကြေညာထားပါတယ်။

ကလေးငယ်တွေရှင်သန်ခွင့် (Survival)၊ ဖွံ့ဖြိုးတိုးတက်ခွင့် (Development)ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့် (Protection)နဲ့ လူမှုအဖွဲ့အစည်းမှာ ပါဝင်ခွင့် (Participation) တွေကို နိုင်ငံတိုင်း၊ လူမှုအဖွဲ့အစည်းတိုင်းနဲ့ မိဘတိုင်းကလေးစားလိုက်နာဖို့နဲ့ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီလိုနေ့မျိုးမှာပဲ လက်နက်ကြီတွေပစ်ခတ်တာ၊ လေကြောင်း ဗုံးကြဲတာတွေလုပ်လို့ ကလေးငယ်တွေ သေဆုံးမှုရှိခဲ့တာပါ။

မနေ့က ဖားကန့်ဒေသအပြင် မကွေးတိုင်း မြိုင်မြို့နယ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်‌တချို့အပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

” ကျမတို့က လက်‌တွေ့မြင်နေရတဲ့သူတွေ။ ညကဆို ကျမတို့နားက အိမ်တွေပါ ထိတာ။ သိပ်ပြီး ရွံစရာကောင်းတဲ့ လုပ်ရပ်တွေ”လို့ ဖားကန့် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၅ အောက်တိုဘာ ၃၁ ရက်အထိ ၅နှစ် နီးပါးကာလမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၉၀၀၀ ကျော်သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက်(၁၈)နှစ်အောက်ကလေးငယ် ၁၂၀၀နီးပါး ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ