Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက ဗြဲတရော်ရွာကို ပျူစောထီးတွေဝင်စီးပြီး ပြည်သူအချို့ဖမ်းဆီးကာ ပစ္စည်းတွေသိမ်းနေ

စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ဝင်စီးပြီး ပြည်သူအချို့ဖမ်းဆီးကာ လက်ဝတ်ရတနာများနဲ့ အခြားအဖိုးတန်ပစ္စည်းတွေ အဓမ္မသိမ်းသွားကြောင်း ဒေသခံများက ပြောပါတယ်။

(မန္တလေးတိုင်း၊ မိတ္ထီလာနယ်က စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ရွာတွေထဲလှည့်လည်စစ်ဆေးနေတာကို တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ

နိုဝင်ဘာ-၂၁၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ ဗြဲတရော်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ ဝင်စီးပြီး ပြည်သူအချို့ဖမ်းဆီးကာ လက်ဝတ်ရတနာများနဲ့ အခြားအဖိုးတန်ပစ္စည်းတွေ အဓမ္မသိမ်းသွားကြောင်း ဒေသခံများက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ရက်မှာ စစ်ကိုင်းမြို့နယ်၊ ကံတလူဘုရားအနီးမှာရှိတဲ့ ဗြဲတရော်ရွာကို ပျူစောထီးတွေဟာ ကားတွေနဲ့ ဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးကာ ဝတ်ထားတဲ့ ရွှေနားကပ်၊ ဆွဲကြိုး၊ လက်စွပ်တွေကိုပါ ချွတ်ယူသွားကြောင်း စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေက ပစ္စည်းတွေနဲ့ ခိုင်းနွားပါမကျန် ကားပေါ်တင်သယ်သွားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“ ရွာထဲကလူတွေက လောလောဆယ်တော့ ရှောင်နေကြတယ်။ ပြည်သူတွေတော့ ဘေးကင်းပါတယ်။” လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ပျူစောထီးတွေဟာ စစ်ကိုင်းမြို့နယ်က ရွှေမင်းဝံ၊ ပတ္တမြား၊ နီလာဦး၊ ဇေယျာတိုးချဲ့နဲ့ ဇေယျာကွက်သစ် ရပ်ကွက်တို့ကဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူအရေအတွက် အတိအကျမသိရသေးပေမဲ့ အဖမ်းခံရသူတွေကိုတော့ စစ်ကိုင်း တပ်မ(၃၃)အတွင်း ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook