Connect with us

Hi, what are you looking for?

သတင်း

ချင်းတပ် CNDF ဒဏ်ရာရ ရဲဘော်တွေကို AA က ဒုစစ်ဦးစီးချုပ်ရဲ့ သူပုန်ဖြူစာအုပ်တွေနဲ့ ငွေကြေးထောက်ပံ့

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)ရဲ့ ဒဏ်ရာရ ရဲဘော်တွေကို မဟာမိတ်အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(ULA/AA)က သူပုန်ဖြူကဗျာစာအုပ်နဲ့ ငွေကြေး၊ လွယ်အိတ်တွေထောက်ပံ့ပေးလာကြောင်း CNOက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ-၂၁၊ ၂၀၂၅။ ပုရစ်/People’s Spring

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)ရဲ့ ဒဏ်ရာရ ရဲဘော်တွေကို မဟာမိတ်အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော်(ULA/AA)က သူပုန်ဖြူကဗျာစာအုပ်နဲ့ ငွေကြေး၊ လွယ်အိတ်တွေထောက်ပံ့ပေးလာကြောင်း CNO က သတင်းထုတ်ပြန်ပါတယ်။

ULA/AA သူပုန်ဖြူ Teamက ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ CNDFဒဏ်ရာရ ရဲဘော်တွေကို မေတ္တာနဲ့ ပေးအပ်လာတာဖြစ်တယ်လို့ဖော်ပြပါတယ်။

CNDF ဒဏ်ရာရ ရဲဘော်တွေကိုပေးတဲ့ သူပုန်ဖြူ ကဗျာစာအုပ်ဟာ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူပုန်ဖြူ ကဗျာစာအုပ် (၄၂)အုပ်၊ လွယ်အိတ် ၄၂ လုံး၊ ငွေသား ၄၂ သိန်းကျပ်ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အခုလို ထောက်ပံ့ပေးတာကို ကောင်းမွန်စွာ လက်ခံရရှိကြောင်းနဲ့ အထူးကျေးဇူးတင်ကြောင်း CNOက ထုတ်ပြန်ခဲ့ပါတယ်။

CNO/CNDFဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ချင်းညီနောင်နဲ့ AA တို့ဟာ မဟာမိတ်ပြုလုပ်ထားကာ ချင်းပြည်နယ် အတွင်း မြို့သိမ်းစစ်ဆင်ရေးတွေအတူတကွဖော်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ လကလည်း ချင်းညီနောင်နဲ့ ULA/AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါဝင်တဲ့ ခေါင်းဆောင်တွေဟာ ရက္ခိုင်ပြည်နယ်မှာ တွေ့ဆုံခဲ့ပြီး စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံဖို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ချင်းညီနောင်ဘက်က အသိပေးထားပါတယ်။

လက်ရှိမှာ CNO/CNDF အခြေစိုက်ရာ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာပြီး ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးစားနေလို့ CNO/CNDF နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေ၊ ချင်းပြည်ကောင်စီတပ်ဖွဲ့တွေနဲ့ အခြားတော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

ဖလမ်းအပါအဝင် ချင်းပြည်နယ်ကို ဦးတည်ထိုးစစ်ဆင်လာလို့ တီးတိန်မြို့နယ် ၊ဖလမ်းမြို့နယ် ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ