Connect with us

Hi, what are you looking for?

သတင်း

မယ်စကြာဝဠာ သရဖူကို မက္ကဆီကို အလှမယ် ဆွတ်ခူး

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြာဝဠာ ပြိုင်ပွဲမှာတော့ မက္ကဆီကို ကိုယ်စားပြု အလှမယ် ဖာတီမာဘော့ချ်က သရဖူ ဆောင်းသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images, Reuters

■ပြိုင်ပွဲမတိုင်ခင်နဝပ်နဲ့ ပြဿနာတက်လို့ ခန်းမထဲကဆန္ဒပြပြီး ထွက်ခွာသွားခဲ့ဖူးတယ်မယ်​ဖြစ်​နေ

နိုဝင်ဘာ-၂၁၊၂၀၂၅။People’s Sping

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ မယ်စကြာဝဠာ ပြိုင်ပွဲမှာတော့ မက္ကဆီကို ကိုယ်စားပြု အလှမယ် ဖာတီမာဘော့ချ်က သရဖူ ဆောင်းသွားခဲ့ပါတယ်။

အခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲဟာ အတော်လေး အာရုံနောက်စရာ အရှုပ်အထွေးတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဘော့ချ်က မယ်စကြာဝဠာ အသစ်အဖြစ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၂၅ နှစ်အရွယ် ဘော့ချ်ဟာ နိုဝင်ဘာ လဆန်းတုန်းက ပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံ ကိုယ်စားပြု တာဝန်ခံ နဝပ် အစ်ဆာရက်ရာဆီနဲ့ ပြဿနာတက်လို့ ခန်းမဆောင် တစ်ခုထဲကနေ ဆန္ဒပြပြီး ထွက်ခွာသွားခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်ကြောင့်လည်း သူဟာ ပြိုင်ပွဲ မတိုင်ခင် ကတည်းက အများအာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ နဝပ်က ဘော့ချ်ကို လူအများအလယ်မှာ ဆူပူ ကြိမ်းမောင်းခဲ့တဲ့နောက် ဘော့ချ်နဲ့ တခြားအလှမယ် တချို့က ဆန္ဒပြပြီး ခန်းမထဲက ထွက်သွားခဲ့တာပါ။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ နဝပ်က ပြန်တောင်းပန်ခဲ့ရသလို နောက်ပိုင်းမှာ သူ့ရဲ့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေလည်း ကန့်သတ်ဖယ်ရှား ခံခဲ့ရပါတယ်။ ဒီနှစ် မယ်စကြာဝဠာ ပြိုင်ပွဲမှာတော့ ဒီကိစ္စ တစ်ခုတည်းတင် မကဘဲ အလှမယ်တွေကို အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေအတွက် ကြော်ငြာဓာတ်ပုံ ရိုက်ကူးခိုင်းလို့ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် စုံစမ်းတယ်ဆိုတဲ့ ပြဿနာမျိုး၊ ပြိုင်ပွဲ မစတင်ခင် ၂ ရက်အလိုမှာ ဒိုင်တချို့ နုတ်ထွက်သွားတာမျိုး၊ လုပ်ပွဲတွေ ရှိနိုင်တယ်လို့ စွပ်စွဲခံရတာမျိုး ပြဿနာတွေနဲ့ပါ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန်မှာ စတင်ထူထောင်တဲ့ မယ်စကြာဝဠာ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ သက်တမ်း အရှည်ကြာဆုံး အလှမယ် ပြိုင်ပွဲတစ်ခုကို ဦးစီးကျင်းပနေတာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့် ဆုတွေ ရွေးချယ်ရာမှာတော့ ဘော့ချ်က သရဖူ ဆောင်းခဲ့ပြီး အိမ်ရှင်နိုင်ငံ ထိုင်းရဲ့ အလှမယ် ပရာဗီနာဆင်းက ဒုတိယ ရခဲ့ပါတယ်။ သူတို့ရဲ့ နောက်မှာတော့ ဗင်နီဇွဲလား၊ ဖိလစ်ပိုင်နဲ့ အိုင်ဗရီကို့စ် အလှမယ်တွေက အစဉ်လိုက် ရပ်တည်ခဲ့ကြပါတယ်။ ထိုင်းအလှမယ်ဟာ ပရိသတ် အကြိုက်ဆုံးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နွန်သာဘူရီမှာရှိတဲ့ Impact Challenger ခန်းမမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးဟာ ၇၄ ကြိမ်မြောက် ဖြစ်ပါတယ်။ ပထမဆုံး မယ်စကြာဝဠာ ပြိုင်ပွဲကိုတော့ ၁၉၅၂ ခုနှစ်မှာ ကျင်းပခဲ့တာပါ။

အခုနှစ် ပြိုင်ပွဲ အကြိုည ညနေခင်းဝတ်စုံနဲ့ ယှဉ်ပြိုင်မှုမှာတော့ ဂျမေကာ အလှမယ်ဟာ စင်ပေါ်ကနေ မတော်တဆ ခြေချော်ပြီး ပြုတ်ကျခဲ့တာကြောင့် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပါသေးတယ်။ အခုတော့ သူဟာ ဆေးရုံဆက်တက်နေပေမယ့် အခြေအနေ တိုးတက်နေပြီလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ