Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ်က ပြည်သူတချို့စတင်စစ်ရှောင်

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှရွာကဒေသခံတွေ မန္တလေးမြို့ဘက်ကို စစ်ဘေးရှောင် နေကြပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ကြောင့်ရွာလုံးကျွတ်နီးပါးပျက်စီး နေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

မန္တ​လေး PDF မှတပ်ဖွဲ့ဝင်​တွေက ၂၀၂၄ ဇူလိုင်လ ၈ ရက်မှာ လက်ပံလှရွာ ရဲစခန်းကိုသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF

နိုဝင်ဘာ-၂၁၊၂၀၂၅။ရှိန်း/ People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှရွာကဒေသခံတွေ မန္တလေးမြို့ဘက်ကို စစ်ဘေးရှောင် နေကြပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ကြောင့်ရွာလုံးကျွတ်နီးပါးပျက်စီး နေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

စစ်တပ်က နိုဝင်ဘာလဒုတိယပတ်အတွင်းမှာ ၃ရက်ဆက်တိုက်စဉ့်ကူးမြို့နယ်ကို လေကြောင်းက​နေဗုံးကြဲခဲ့တာမို့ မတ္တရာမြို့နယ်က နေစစ် ဘေးလာ ရှောင် နေတဲ့ ပြည်သူ ၉ဦး သေဆုံးကာ ပြည်သူတစ်ဒါဇင် လောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင်လက်ပန်လှ ကျေးရွာကို ဆက်တိုက် လေကြောင်းတိုက်ခိုက်နေတာမို့ ပြည်သူ တွေ စစ်ဘေး ရှောင်လာကြတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ စဉ့်ကူးမြို့ ပေါ်ကိုလည်း ကျောက်မြောင်းတပ်က နေ ဒရုန်းတွေနဲ့လာချတယ်။အခု မြေပြင်ကလည်း မတ္တရာဘက်နဲ့ သပိတ်ကျင်းဘက်ကထိုးစစ်ဆင် နေတော့ ကြားညပ်သလိုဖြစ် နေလို့ထွက်ရတုန်းထွက်လာတာ။ကျန်ခဲ့တဲ့သူ တွေလည်း ရှိသေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ပန်လှ ကျေးရွာဟာလည်း လေကြောင်းတိုက်ခံ ရမှု ကြောင့် ရွာပျက်ကြီးလိုဖြစ်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က မတ္တရာမြို့နယ်မြောက်ဘက်ခြမ်းမှာ ရေနံ့သာ ကျေးရွာမှာတပ်စွဲထားပြီး စဉ့်ကူးမြို့နယ်၊နယ်စပ်အနီးထိနီးကပ်နေပြီလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF)နဲ့ မဟာမိတ်တပ်​တွေက စဥ့်ကူးမြို့နဲ့ မြို့နယ် တစ်ခုလုံးကို၂၀၂၄ ဇူလိုင်လမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ