Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမြို့နယ်မှာ စစ်တပ်ဒရုန်းနဲ့ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး သုံးဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး သုံးဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံစစ်ရှောင်ကူညီသူအချို့က ပြောပါတယ်။

နိုဝင်ဘာ-၂၂၊၂၀၂၅။ဇော်ဝင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး သုံးဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံစစ်ရှောင်ကူညီသူအချို့က ပြောပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၂၂ ရက်) မနက် ၁၀နာရီဝန်းကျင်က ဖယ်ခုံအနောက်ခြမ်းက ဘောရန်နဲ့ နန့်ပလုံစစ်ရှောင်စခန်းတွေက စစ်ရှောင်အမျိုးသမီးသုံးဦးဟာ ဘောရန်ရွာအနီးမှာ တောင်ယာပြန်လုပ်‌နေတဲ့အချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ ထိမှန်သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီး သုံးဦးက အသက် (၆၀)အရွယ်နဲ့ အသက်(၂၀)အရွယ် အမျိုးသမီးနှစ်ဦးလို့ ကရင်နီစစ်ရှောင်အရေးကူညီနေတဲ့ Job For Kayahအဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီဘက်မှာ စစ်အုပ်စုက မဲမဲမြင်ရာအကုန်ပစ်တာ။လက်နက်ကြီးရော၊ဒရုန်းရော အကုန်သုံးတယ်။အခု ဖြစ်စဥ်ကတော့ ဒရုန်းနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ။အရပ်သားအမျိုးသမီး တွေမှန်းမသိစရာ အကြောင်းမရှိဘူး”လို့ ဖယ်ခုံမြို့နယ် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်PNOတွေက အောက်တိုဘာကစပြီး အင်အားသုံး စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပါတယ်။

ဒေသခံအချို့ကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာနေအိမ် ၊ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ လက်နက်ကြီး၊ဒရုန်းတွေနဲ့ တောင်ယာလုပ်ကိုင်နေတဲ့ ရွာသားတွေကို ပစ်ခတ်သတ်ဖြတ်ခြင်းတာ ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာ ဒုတိယပတ်ကစလို့ စစ်ကောင်စီတပ်နဲ့ PNOက အင်အား ၅၀၀ ဝန်းကျင် အသုံးပြုပြီး ပင်လောင်းကနေ ဖယ်ခုံမြို့ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

“ရွေးကောက်ပွဲ နဲ့ ကရင်နီဝင်ပေါက်ဖြစ်နေတာကြောင့်”လို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ် စစ်အုပ်စု စစ်ကြောင်းထိုးမှုနဲ့ပတ်သက်လို့ သုံးသပ်ပါတယ်။

ဖယ်ခုံအနောက်ခြမ်းမှာ တိုက်ပွဲတွေလည်း ဒီကနေ့အထိ ဆက်ဖြစ်နေပြီး PNO တပ်သားတွေသေဆုံး မှုအများအပြားရှိတယ်လို့ ၎င်းက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တောင်မဲသင်း ၊မြောက်စလုံးနဲ့ ဘောရန်ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ PNOက ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံပြည်သူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ ရုပ်သံမှတ်တမ်းအချို့ ထွက်ပေါ်ထားပါတယ်။

(ပြီးခဲ့တဲ့အောက်တိုဘာက ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က ဘောရန်ရွာကို စစ်ကောင်စီတပ်နဲ့ PNO တို့ မီးရှို့ ဖျက်ဆီးနေတာ တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ