နိုဝင်ဘာ-၂၂၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ တိုက်တွန်းလှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက” သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ “ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” ၊ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊ “ ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ဘုတလင်မြို့နယ်မှာလည်း မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ်ဝင် အခြေခံပညကျောင်းသားများသမဂ္ဂတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းသားပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့၊ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

















































