Connect with us

Hi, what are you looking for?

သတင်း

ကျားဘီးလူးစစ်ကြောင်းဦးဆောင်ပြီးစစ်တပ်ပါရာ​မော်တာကိုပစ်ချခဲ့ဟု​ပေါက်ပကဖ ​ပြော

စက်တပ်​လေထီးပျက်ကျပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-​ပေါက်ပကဖ ၊ မြိုင်ပကဖ

နိုဝင်ဘာ-၂၂၊၂၀၂၅။မိုမို/People’s Spring

ကျားဘီးလူးစစ်ကြောင်းဦးဆောင်ပြီး စစ်တပ်ရဲ့ စက်တပ်လေထီးကိုပစ်ချနိုင်ခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(​ပေါက် ပကဖ)က ဒီကနေ့ ညပိုင်း ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ ကနေ ပေါက်နယ်ကို ဗုံးလာကြဲတဲ့ စက်တပ်လေထီး နှစ်စီးကို နိုဝင်ဘာ ၂၂ ရက်ညနေ ၄ နာရီ ခွဲ မှာ ပေါက် ပကဖ တပ်ရင်းမှုး ဦးဆောင်တဲ့ ကျားဘီလူးစစ်ကြောင်းက မြိုင်ပကဖ ၊MGY PDF တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ အသိ​ပေးပါတယ်။

စက်တပ်လေထီးတစ်စီးကပေါက်မြို့နယ်မြောက်ပိုင်းနေရာတစ်ခုမှာပျက်ကျခဲ့တယ်လို့ပေါက် ပကဖ စစ်ဘက်ရေးရာသတင်းထောက်လှမ်းရေးတာဝန်ခံ ကိုစစ်မုန်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ပိုင်းလော့ ဦးထုပ်ကိုတွေ့တယ်။ဒါပေမယ့် စစ်ကောင်စီစစ်ကြောင်း နဲ့အနီးကပ်လွန်တာကြောင့် သေတယ်ရှင်တယ် မသိရသေးဘူး”လို့ သူက လူထုနွေဦးကို ပြောပါတယ်။

ပျက်ကျတဲ့ ပါရာမော်တာ နဲ့ဆက်စပ်တာ တွေကို အလုံးစုံ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်ရဲ့တပ်မ( ၁၀၁)ကစက်တပ်လေထီးတွေဟာ ပေါက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်တပ်စသ်​ကြောင်း​တွေကိုလေကြောင်းပစ်ကူပေးတာ အပြင် အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာအတွင်းကို တိုက်ခိုက်မှု​တွေလုပ်နေတယ်လို့ ပေါက် ပကဖ က အသိပေးပါတယ်။

ဒါ့အပြင်ပေါက်မြို့နယ်ထဲကို စစ်တပ်က အင်အားရာနဲ့ချီပြီးစစ်ကြောင်းထိုးနေတာကြောင့်လေကြောင်း ၊လက်နက်ကြီးအန္တရာယ် အထူးဂရုစိုက်နေကြဖို့ တိုက်တွန်းထားပါတယ်။

စစ်တပ်က ပေါက် မြို့နယ်နယ်မြေအတွင်း စစ်ကြောင်း သုံး​ကြောင်းနဲ့ ဖြန့်ခွဲထားတာပါ။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄ )ကနေ အင်အား ၁၈၀ ကျော်ပါတဲ့စစ်ကြောင်းက ပေါက်မြို့နယ်အနောက်မြောက်ခြမ်း နဲ့ ကပစ ၂၄ က အင်အား ၂၀၀ ကျော်စစ်ကြောင်းကလည်း ပေါက်မြောက်ပိုင်းမှာရှိနေပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ် အနောက် တောင်ဘက်ခြမ်းက တပ်မတော်အကြီးစားစက်ရုံ (စက်မှု ၂ )က အင်အား၂၀၀ ပါတဲ့ စစ်ကြောင်းက ပေါက်မြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုး နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ