Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့ KTV မှာ​ပျော်ပါး​နေတဲ့စစ်သားနဲ့ ရဲ​တွေကိုPDF စီးနင်းတိုက်ခိုက် ၇ ဦး​သေဆုံ

ပဲခူးတိုင်း၊ဇီးကုန်းမြို့ပေါ်က KTV ကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်သား နဲ့ ရဲ ခုနှစ်ဦးသေ
ဆုံးတယ်လို့ နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-နတ်စစ်သည်တပ်ဖွဲ့

နိုဝင်ဘာ-၂၃၊၂၀၂၅။မိုမို/People’s Spring

ပဲခူးတိုင်း၊ဇီးကုန်းမြို့ပေါ်က KTV ကို ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ စစ်သား နဲ့ ရဲ ခုနှစ်ဦးသေ
ဆုံးတယ်လို့ နတ်စစ်သည်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၂၂ ရက်)ည ၁၁ နာရီဝန်းကျင် တိုက်ခိုက်မှုမှာ G 3 တစ်လက်၊ ကျည်ဘောက်ငါးခု၊ ကျည်အတောင့် ၈၀၊ အီကွေ့မန့် နှစ် ခု၊ ဓား ၃ လက်နဲ့ လက်ထိပ်တစ်ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။

“ကေတီဗီကို စခ၊ရခ ခုနှစ်ဦး ရောက်နေတယ်ကြားတယ်။အဲဒါကြောင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ အကုန်သေတယ်။မြို့မရဲစခန်း နဲ့က နှစ်ဖာလုံ၊သုံးဖာလုံပဲ ဝေးတာ။တိုက်ခိုက်မှုကို နှစ်မိနစ်၊သုံးမိနစ်နဲ့အတိအကျ အကောင်အထည်ဖော်ခဲ့ရတယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှု ဖြစ်စဥ် အကြောင်း လူထုနွေဦးကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုအပြီး ဇီးကုန်းမြို့မရဲစခန်းက စစ်ကူကား တွေလာလို့ ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့တာလည်းလုပ်ခဲ့တာ​ကြောင့်စစ်ကူကားနောက် ဆုတ်ခွာခဲ့တယ်လို့ အသိပေးပါတယ်။

အဆိုပါစစ်ဆင်​ရေးကိုနတ်စစ်သည်တပ်ဖွဲ့နဲ့ ကြို့ပင်ကောက်မြို့နယ်အခြေစိုက် BTZM တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်သားနဲ့ ရဲတွေသေဆုံးမှု အ​သေးစိပ်အ​ခြေအ​နေနဲ့ပတ် သက်လို့ လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒါ့အပြင် နိုဝင်ဘာလ ၁၁ ရက်က ကြို့ပင်ကောက်မြို့နယ်မှာစစ်ကောင်စီရွေးကောက်ပွဲမဲစာရင်းစစ်ဆေးသူ နဲ့ သတင်း ပေး(ဒလန်)လုပ်နေသူရဲ့ နေအိမ်တွေအထိကွင်းဆင်းသတိပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နတ်စစ်သည် က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ