နိုဝင်ဘာ၂၃၊၂၀၂၅။ဒီးဒိ/People’s Spring
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆန္ဒပြကန့်ကွက်မှုကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံထားရတဲ့ ကိုနိုင်နိုင်စိုးနဲ့ ကိုဖြိုးပိုင်တို့ဟာ နေရပ်ပြန်ပို့ခံရမယ့်အရေးကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက အမြန်ဆုံးအကူအညီပေးဖို့ တောင်းဆိုလိုက်ပါတယ်။

၂၀၂၅ခုနှစ်၊ ဧပြီ ၃ရက်ကဘန်ကောက်မြို့မှာလုပ်တဲ့ BIMSTEC ဆွေးနွေးပွဲလာရောက်တဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို ကိုရန်နိုင်စိုးနဲ့ ကိုဖြိုးပိုင်တို့က ဆွေးနွေးပွဲပြုလုပ်တဲ့ Shangri-La ဟိုတယ်အနီးမှာ ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ချက်ချင်ဆိုသလို ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုခံလိုက်ရပြီးနောက် ချွန်ဖူးလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးဌာန (Immigration Detention Center – IDC)မှာ ထိန်းသိမ်းထားရှိပြီး ၇လကျော်ကြာတဲ့အထိ လွှတ်ပေးမှုမရှိသေးဘူးလို့ ကိုနိုင်နိုင်စိုးက ပြောပါတယ်။

Public Service Announcement
ကနဦးမှာ နေရပ်ပြန်ပို့မခံရရေးအတွက် UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) နဲ့ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံ နေထိုင်ခွင့်အတွက် လိုအပ်တဲ့အလုပ်သမား မှတ်ပုံတင်များ၊ အလုပ်သမား ID အပါအဝင် သက်ဆိုင်ရာစာရွက်စာတမ်းများအားလုံးကို ထိုင်းအစိုးရကBlacklist စာရင်းသွင်းထားပြီလို့လည်း အသိပေးပါတယ်။
ဒါ့အပြင်နေရပ်ပြန်လည်ပို့ဆောင်ခံရပါက အသက်အန္တရာယ် အလွန်ကြီးမားသော အခြေအနေနဲ့ရင်ဆိုင်ရမှာကြောင့် နိုင်ငံတကာမှ အကာအကွယ်ပေးမည့် အစီအစဉ်တရပ်ကို လျှောက်ထားခဲ့သော်လည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်မှာ ပယ်ချခံရတယ်လို့လည်း ကိုနိုင်နိုင်စိုးက အသိပေးထားပါတယ်။
ပြန်လည်ပို့ဆောင်ပါက ချက်ချင်းဖမ်းဆီးခံရခြင်း၊ အကြမ်းဖက် နှိပ်စက်ခံရခြင်း၊ မသက်ဆိုင်တဲ့ဥပဒေတွေနဲ့ စွဲချက်တင် တရားစွဲခံရခြင်း၊ သက်တမ်းကြာရှည် အကျဉ်းချခံရခြင်းနဲ့ နှိပ်စက်သတ်ဖြတ်ခံရခြင်းတွေ ကြုံရနိုင်တယ်လို့ ကိုနိုင်နိုင်စိုးက ထောက်ပြပါတယ်။
မင်းအောင်လှိိုင် ဘန်ကောက်ရောက်နေစဥ်မှာ ထိုင်းကျောင်းသားတွေ နဲ့ ထိုင်းနိုင်ငံသားတွေကလည်း ဆန္ဒပြခဲ့သလို ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ကျောက်ဖရားမြစ်ထဲက တံတားမှာ လူသတ်သမားမင်းအောင်လှိုင်ကို မကြိုဆိုဘူးလို့ အဂ်လိပ်ဘာသာနဲ့စာတမ်းရေးသားဆန္ဒပြခဲ့ကြပါတယ်။
















































