Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲကို မဲမပေးကြဖို့ ကရင်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေဆန္ဒပြ

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၃၊၂၀၂၅။ သုည/People’s Spring

ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ် တစ်နေရာမှာ တော်လှန်လူငယ်တွေက ဦးဆောင်ပြီး “ သင့်မဲဖြင့် လူသတ်ခွင့် မပေးပါနဲ့” ၊ “ ဖက်စစ်ရွေးကောက်ပွဲ ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “ တရားမ၀င် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့ တိုက်ဖျက်ကြ” စတဲ့စာသားတွေနဲ့ NO VOTE သပိတ်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင် အလိုမရှိကြောင်း၊အတုယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း တောင်ယာသိမ်းရင်း ဆန့်ကျင်တော်လှန် သပိတ်မှောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

Facebook