Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးအပြီး ဝက်လက်မှာလည်းတပ်မ(၃၃)စစ်ကြောင်းလိုက်ပြုတ်ပြန်

စစ်ကောင်စီရဲ့တပ်‌မ(၃၃)လက်အောက်ခံတပ်ရင်းတွေကို စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကြောင်းပြုတ်တဲ့အထိ PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခဲ့ရသလို အခု ဝက်လက်မြို့မှာလည်း နောက်ထပ်စစ်ကြောင်းတစ်ကြောင်းပြုတ်တဲ့အထိ ထပ်မံတိုက်ခိုက်ခံလိုက်ရပြန်ပါတယ်။

နိုဝင်ဘာ-၂၄၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကောင်စီရဲ့တပ်‌မ(၃၃)လက်အောက်ခံတပ်ရင်းတွေကို စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကြောင်းပြုတ်တဲ့အထိ PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခဲ့ရသလို အခု ဝက်လက်မြို့မှာလည်း နောက်ထပ်စစ်ကြောင်းတစ်ကြောင်းပြုတ်တဲ့အထိ ထပ်မံတိုက်ခိုက်ခံလိုက်ရပြန်ပါတယ်။

ဝက်လက်မြို့နယ်က တိုက်ပွဲဟာ မနေ့က နိုဝင်လာလ ၂၃ရက် မနက်ကစခဲ့ပြီး ဒီနေ့ညနေအထိ ဆက်ဖြစ်နေဆဲလို့ ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။

ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ ရွာက အင်အား ၈၀ခန့်စစ်ကြောင်းဟာ ‌မနေ့က မနက် ၅နာရီခန့်မှာ ထွက်လာချိန်မှာ ပုဏ္ဏားရွာနဲ့ ကျေးသီးကုန်းရွာမှာ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ပုဏ္ဏားရွာရွာကို မီးရှို့ပြီးသွားပြီ။ကျေးသီးကုန်းကိုအဝင်မှာ ဒီဘက်က အဖွဲ့တွေက ဝိုင်းပြီဆော်တာ။ စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်တာကွာ။ အကောင်၈၀ လောက်သေပြီး၈ ကောင်ပဲ စိုင်နိုင်ကွေ့ကိုပြန်ဝင်နိုင်တယ်” လို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

စိုင်နိုင်ကွေ့ရွာဟာ စစ်ကောင်စီတပ် အခိုင်မာတပ်စွဲထားတဲ့ရွာဖြစ်ပါတယ်။ ဒီနေ့ညနေမှာ အင်အား ၁၅၀ခန့်နဲ့ စစ်ကြောင်းထပ်ထွက်လာလို့ တိုက်ခိုက်မှုတွေဆက်ရှိနေသလို ဘေးပတ်ဝန်းကျင်က ပြည်သူတွေလုံခြုံရေးသတိထားကြဖို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဒီနေ့ညနေပိုင်းမှာ ထွက်လာတဲ့စစ်ကြောင်းဟာ ရွှေဘိုမြို့ကိုဦးတည်နေပြီးညပိုင်းမှာ တဂဏန်းရွာကို ရောက်နေတယ်လို့ သိရပါတယ်။တဂဏန်းရွာဟာ ဝက်လက်နဲ့ရွှေဘိုမြို့နယ်ကြားမှာရှိပြီး ရွှေဘိုမြို့နယ်မှာ ပါဝင်ပါတယ်။

အခုစစ်ကြောင်းဟာ တပ်မ(၃၃) လက်အောက်ခံတပ်ရင်းတွေဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာ ဝိုင်းပတ်ပိတ်ဆို့ထားစဉ် စစ်ကောင်စီတပ်သား အချို့ကို လက်နက်ချခိုင်းပေမယ့် မချတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တဲ့ ရုပ်သံဖိုင်ကို ရွှေဘိုခရိုင်တပ်ရင်း(၁၇)က ဗိုလ်တီက လူမှုကွန်ရက်မှာဖြန့်ဝေထားပါတယ်။

“တပ်မ ၃၃ ဆိုပြီး ခုခံချင်တာလိုလို-င်ခံချင်တာလိုလို မလုပ်ပါနဲ့ ညီလေး။ ဝက်လက်မှာ ဟီးဟီးဟားဟား လာလုပ်လို့မရဘူး။ လက်နက်ချဆို ချပေးလိုက်ကြပါ။မဟုတ်ရင် မြင်တဲ့တိုင်းပဲ”လို့လည်း သူကရေးသားထားပါတယ်။

စစ်တပ်က ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာသာကြီး ရွာကိုနိုဝင်ဘာလဆန်းက အင်အားရာနဲ့ချီ ဝင်ရောက်တပ်စွဲပြီး အနောက်မြောက်ခြမ်းကရွာတွေကို စစ်ကြောင်းသုံးခုနဲ့ စစ်​ကြောင်းထိုးနေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်အထိ စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ကျီးကန်၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦးနဲ့ လိန်ပင် အစရှိတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၇ရွာကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။

အဲဒီရွာတွေက ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးနေရပြီး ဒေသခံ ၅၀ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး ထားတာရှိတယ်လို့လည်း ​ဒေသခံအချို့က​ ပြောတယ်။

တပ်မ(၃၃) လက်အောက်ခံတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းမှာPDF၊ ပကဖ နဲ့ ပူး​ပေါင်းတပ်​တွေတိုက်ခိုက်မှု​ကြောင့် ဆက်တိုက်အထိနာနေတာဖြစ်ပါတယ်။

နိုဝင်ဘာ၂၃ရက် မနက်ပိုင်းကလည်း ခင်ဦးမြို့နယ် မုံလှရွာကနေ ကလုံကျေးရွာဘက် တက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို PDFနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ ထိခိုက်သေဆုံးသူများပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၂ရက်ကလည်း တပ်မ(၃၃)နဲ့ ပျုစောထီးပူးပေါင်းစစ်ကြောင်းတစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာနဲ့ ခင်ဦးမြို့နယ် ရှားတောရွာကြားမှာ PDF ၊ ပကဖ​နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ စစ်ကြောင်းပျက်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ