Connect with us

Hi, what are you looking for?

သတင်း

“ ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး” ဟု​ကြွေး​ကြော်ပြီး စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး” စာသားနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ အရာတော်သပိတ်

နိုဝင်ဘာ-၂၄၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ “ ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး” စာသားနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်မဲမပေးကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအား ဆန့်ကျင်ကြောင်း လူထုနဲ့အတူ အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီဝင်တွေက ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက “ စစ်ခွေးထွက်ပေါက် သပိတ်မှောက် မဲမပေးနဲ့သပိတ်မှောက်” ၊ “ ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး” ၊ “ အတုယောင်ရွေးကောက်ပွဲအလိုမရှိ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်မှာလည်း သပိတ်ဦးဆောင်ကော်မတီနဲ့ ကနီမြို့နယ်အမျိုးသမီးသပိတ်စစ်ကြောင်း(WAB) တို့ပူးပေါင်းပြီး စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နိုင်ငံရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တောင်ယာသိမ်းရင်း ဆန့်ကျင်တော်လှန် သပိတ်မှောက်ခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့ ကလေးဒေသအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့အတွက် “ ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်ကြီး” စာသားကိုင်ဆောင်ပြီး လှုံ့ဆော်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ်သပိတ်စစ်ကြောင်းကလည်း မကွေးတိုင်း ကျေးရွာ၆ရွာနဲ့ စစ်ကိုင်းတိုင်း ကျေးရွာ၄ရွာတို့ကို ဆိုင်ကယ် အစီး၄၀ကျော်နဲ့ ချီတက်ကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားခဲ့ကြပြီး လူထုကို အသိပညာပေး ဟောပြောမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းသပိတ်စစ်ကြောင်းကို မန္တလေးမြို့ မဟာအောင်မြေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ပူးပေါင်းဝန်းရံခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ