Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံသားတွေကို သယ်ယူပို့ဆောင်ရင်အရေးယူမယ်လို့ DKBA ဆို

ကျားဖြန့် ကြောင့် အမေရိကန် အစိုးရ ရဲ့ အရေးယူဒဏ်ခတ်မှုကို ထိပ်ပိုင်းခေါင်းဆောင်တွေ ခံလိုက်ရပြီးနောက် ထိန်းချုပ်နယ်မြေထဲမှာ နိုင်ငံခြား သားတွေကို သယ်ယူပို့ဆောင်တာ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ဗဟိုကဒီနေ့ (နိုဝင်ဘာလ ၂၄ ရက်) မှာ ကြေညာချက်ထုတ်လာပါတယ်။

DKBA ခေါင်းဆောင်ပိုင်းတွေကို တွေ့ ရပုံ (ဓာတ်ပုံ - DKBA)

နိုဝင်ဘာ – ၂၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကျားဖြန့် ကြောင့် အမေရိကန် အစိုးရ ရဲ့ အရေးယူဒဏ်ခတ်မှုကို ထိပ်ပိုင်းခေါင်းဆောင်တွေ ခံလိုက်ရပြီးနောက် ထိန်းချုပ်နယ်မြေထဲမှာ နိုင်ငံခြား သားတွေကို သယ်ယူပို့ဆောင်တာ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ဗဟိုကဒီနေ့ (နိုဝင်ဘာလ ၂၄ ရက်) မှာ ကြေညာချက်ထုတ်လာပါတယ်။

DKBA ထိန်းချုပ်နယ််မြေအတွင်းမှာ နိုင်ငံခြားသားတွေ အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို သယ်ယူပို့ဆောင်တာ တွေ့ရင် ဖမ်းဆီး အရေးယူသွားမယ်လို့ ဒီနေ့ ပြုလုပ်တဲ့ DKBA အဖွဲ့ ရဲ့ အရေးပေါ်အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာပါ။

အရေးယူမယ့် အခြေအနေ ၊ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် စောစိန်ဝင်း ကိုဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွ​ယ်မရပါဘူး။

Public Service Announcement

Public Service Announcement

DKBA ထိန်းချုပ်နယ်မြေတွေဖြစ်ကြတဲ့ မြ၀တီမြို့တောင်ဘက်က မင်းလက်ပံရွာ ၊ ဖလူးရွာ ၊ ဝေါ်လေမြို့ ၊ကျောက်ခက်ရွာ နဲ့ ကြာ အင်းဆိပ်ကြီးမြို့နယ်ထဲက ဘုရားသုံးဆူမြို့မှာလည်း ကျားဖြန့်လုပ်ငန်းတွေ အများအပြားရှိနေတယ်လို့သတင်းထွက်နေတာပါ။

DKBA တပ်ဖွဲ့ထဲမှာ ကျားဖြန့် လုပ်ကိုင်နေသူတွေ ရှိသလို မပတ်သက်တဲ့ သူတွေလည်းရှိနေတယ်လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောစိန်ဝင်းကပြီးခဲ့တဲ့ ရက်ပိုင်းက People’s Spring ကိုပြောပါတယ်။

အခုလ နိုဝင်ဘာ ၁၂ ရက်မှာတော့ အမေရိကန် အစိုးရက DKBA ခေါင်းဆောင်ပိုင်း လေးဦးကို ကျားဖြန့် နဲ့ပတ်သက်ဆက်စပ်လို့ ဒဏ်ခတ်အရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်လိုက်ပါတယ်။

အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည် တဲ့ ကျားဖြန့် တွေ မှာ DKBA ပါဝင်ပတ်သက်တယ်လို့ အမေရိကန်က ဆိုထားပါတယ်။

အရေးယူ ဒဏ်ခတ်ခံရတဲ့ သူတွေကတော့ DKBAရဲ့ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီးလ်၊စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ စစ်ရေးချုပ် ဗိုလ်မှူးချုပ်စောစိန်ဝင်းတို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း နိုဝင်ဘာလ ၂၁ ရက်မှာတော့ မြ၀တီမြို့တောင်ဘက် မင်းလက်ပံကျေးရွာက ကျားဖြန့် လုပ်ငန်းဂွင်ကို လုံခြုံရေးယူနေတဲ့ DKBA တပ်ဖွဲ့ဝင်တွေကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဝင်ရောက် ထိန်းသိမ်းခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ