နိုဝင်ဘာ-၂၄၊ ၂၀၂၅။ ပုရစ်/People’s Spring
တော်လှန်ရေး နှစ်ပေါင်း(၇၀)ကျော်ကြာမှာ ပညာရေးဖိနှိပ်ခံခဲ့ရသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးဟာ ပျက်စီးသွားခဲ့ရတယ်လို့ တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ နိုဝင်ဘာ ၂၀ရက်ကကျင်းပတဲ့ တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy-TEA) ရဲ့အပတ်စဉ်(၁) ကျောင်းသား၊ ကျောင်းသူများအား ဆရာအတက်ပညာဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်တားဘုန်းကျော်က အခုလို ပြောကြားခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးဟာ ပျက်စီးသွားခဲ့သလို ထူးချွန်းတဲ့ဆရာ၊ဆရာမတွေလည်း CDMပြုလုပ်ကာ တော်လှန်ရေးနယ်ပယ်အတွင်း ဝင်ရောက်လာကြတယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

Public Service Announcement
ဒီအခြေအနေမှာ တအာင်းပညာရေးဟာ အခုထက် ပွင့်လင်းလွတ်လပ်မှု ဖြစ်ဖို့ အထူးအားပေးကြောင်း ပြောပါတယ်။
“မိမိနားလည်းထားသည့် ပညာရေးသည် သက်ဆိုင်ရာအာဏာပိုင်းများ၊ ယူနီဖောင်ဝတ်ထားသည့်သူများ၊ လက်နက်ကိုင်သည့်သူများ၊ လုပ်ပိုင်ခွင့်ရှိသည့် သမ္မတများ ခြယ်လှယ်ခွင့်မရှိပေ။ ပညာရေးတိုးတတ်မှုရေးအတွက် ပညာရေးအဖွဲ့အစည်းမှ လွတ်လပ်စွာ ဆုံးဖြတ်ရမည်။ ကျနော်တို့ရည်မှန်းထားသည့် ပညာရေးသည် ဒီထက်မက ပိုမိုဆောင်ရွက်သွားမည်” ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။
TEAကျောင်းရဲ့ အပတ်စဉ် (၁)မှာ သင်တန်းသူ (၉၁)ဦး၊ သင်တန်းသား (၂၆)ဦး စုစုပေါင်း (၁၁၇)ဦးရှိပြီး ဆရာ၊ဆရာမအဖြစ် (၁)နှစ် တာဝန်ထမ်းဆောင်ပြီးနောက် အခုလို ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်ခဲ့တာလို့ TNLAက ထုတ်ပြန်ပါတယ်။
TEA အပတ်စဉ်(၂) ကျောင်းဆင်းပွဲကို ပြီးခဲ့သည့် ဧပြီ ၂၀ရက်မှာ ကျင်းပခဲ့ရာ သင်တန်းသူ၊သား စုစုပေါင်း (၁၁၅)ဦးတတ်ရောက်ခဲ့ပါတယ်။ TEA အပတ်စဉ်(၃)ကိုလည်း အခု လာမယ့် ဒီဇင်ဘာမှာ ဖွင့်လှစ်မယ်လို့ TNLAက အသိပေးပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီ ထိန်းချုပ်မြို့ ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပြီး အခု ၂၀၂၅မှာ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေ ပြန်လည်လက်လွှတ်ဆုံးရှုံးထားသလို မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ဆုတ်ခွာဖို့ သဘောတူညီပြီး စစ်ကောင်စီနဲ့ အပစ်ရပ်စဲထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
















































