Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် နယ်စပ်လုံခြုံရေးကို ပိုမို အာရုံစိုက်သွားမယ်လို့ ထိုင်းစစ်တပ်ပြော

မြန်မာဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် နိုင်ငံရဲ့ နယ်စပ်ကို ခိုင်ခိုင်မာမာကာကွယ်စောင့်ရှောက်သွားမယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နယ်စပ်မှလုံခြုံ​ရေး တာဝန်ယူထားတဲ့ထိုင်းစစ်သား​တွေ။ဓါတ်ပုံ-Addy

နိုဝင်ဘာ-၂၄၊၂၀၂၅။People’s Spring

မြန်မာဖက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် နိုင်ငံရဲ့ နယ်စပ်ကို ခိုင်ခိုင်မာမာကာကွယ်စောင့်ရှောက်သွားမယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ထိုင်းစစ်တပ်အမှတ် ၃ စစ်ဒေသ ဦးစီးဌာနက မြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်ရာ ထိုင်းနယ်စပ်တလျှောက်မှာ လုံခြုံရေး ပိုမိုဖြည့်တင်းပြီး ကာကွယ်ရေး အစီအမံတွေ မြှင့်တင်ထားမယ်လို့ ဒေသခံတွေဆီ ပြောကြားခဲ့ပါတယ်။

နယ်စပ်စည်းနဲ့တစ်ကီလိုမီတာလောက်အကွာ မြဝတီ မြို့နယ်ထဲမှာတော့ နိုဝင်ဘာ ၂၂ ရက်နေ့ကစလို့ စစ်တပ်နဲ့ကရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ အပြင်းအထန် တိုက်ပွဲဖြစ်နေပါတယ်။ထိုင်းနိုင်ငံရဲ့တက်ခ်ပြည်နယ်ထဲက မဲဆောက်ခရိုင် ဒေသခံတွေကတော့ နယ်စပ် တစ်ဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေကူးစက်လာမှာကို စိုးရိမ်နေကြပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းသတင်းဌာန Bangkok Postရဲ့ ဖော်ပြမှုမှာတော့ မြဝတီမြို့နယ်ထဲက မင်းလက်ပံ ကျေးရွာတဝိုက်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ ဦးဆောင်တဲ့ ​တော်လှန်​ရေးအင်အားစုတွေနဲ့ အာဏာသိမ်း စစ်တပ်ရဲ့ အမှတ် (၂၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်တွေတိုက်ပွဲဖြစ်နေတာလို့ပါရှိခဲ့ပါတယ်။မင်းလက်ပံဟာနယ်စပ်ကျေးရွာတစ်ခုဖြစ်ပြီးမဲဆောက် ခရိုင်ထဲက မဲ့ကိုကင်းကျေးရွာနဲ့ သောင်ရင်းမြစ် ခြားပြီး တည်ရှိပါတယ်။

မြန်မာဖက်ကတိုက်ပွဲတွေအတွင်း လမ်းကြောင်းချော်ပြီး ကျရောက်လာတဲ့ လက်နက်ကြီး ကျည်တစ်ခုက မဲ့ကိုကင်းရွာထဲကို ကျရောက်ခဲ့ပြီး အိမ် ၄ လုံးနဲ့ ပစ်ကပ်ကား ၁ စီးကို အနည်းအကျဉ်း ပျက်စီးစေခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့်လည်း ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ထိုင်းရဲ့အမှတ် ၃ စစ်ဒေသ ဦးစီးအရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး ဝိုရာသပ်ဘွန်ညာနဲ့ ဒေသခံ နယ်ခြားစောင့် လုံခြုံရေး ယူနစ်ဖြစ်တဲ့ နာရက်ဆွမ် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် မိုင်ထရီ ချူပရီချာတို့ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က မဲ့ကိုကင်း ရွာထဲထိ သွားရောက်ပြီး လက်နက်ကြီး ထိမှန်တဲ့ နေရာတဝိုက်ကို စစ်ဆေးခဲ့သလို နယ်စပ် လုံခြုံရေး အစီအမံတွေ တိုးမြှင့်ပေးထားမယ့်အကြောင်း ရွာသားတွေဆီ အာမခံခဲ့ကြပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ညာက မြန်မာဖက်ကတိုက်ပွဲတွေကြောင့် ထိုင်းမှာ ကျည်ကျတာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ဖြစ်လာတာကြောင့် စိုးရိမ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့ထိ အခြေအနေအရ KNUဟာ မင်းလက်ပံရွာကို ထိန်းချုပ်ထားဆဲလို့လည်း Bangkok Post သတင်းစာက ဖော်ပြထားပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ