Connect with us

Hi, what are you looking for?

သတင်း

ကရင်နီမှာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲ ပြုလုပ်

ကရင်နီပြည်မှာ လူငယ်များသမဂ္ဂ (UKSY)က သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေပါ ပူးပေါင်းပြီး စစ်ကောင်စီ ရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲတရပ်ကို လွိုင်ကော်မြို့နယ်အရှေ့ခြမ်းဒေသမှာ အောက်တိုဘာ ၉ ရက်ကနေ ၁၁ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - UKSY

နိုဝင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

ကရင်နီပြည်မှာ လူငယ်များသမဂ္ဂ (UKSY)က သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေပါ ပူးပေါင်းပြီး စစ်ကောင်စီ ရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုတွေ့ဆုံပွဲတရပ်ကို လွိုင်ကော်မြို့နယ်အရှေ့ခြမ်းဒေသမှာ အောက်တိုဘာ ၉ ရက်ကနေ ၁၁ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

ယင်းတွေ့ဆုံပွဲမှာ စစ်ကောင်စီရွေးကောက်ပွဲအခြေအနေ၊ စစ်ရှောင်ဒေသအခြေအနေတွေကို လူထုနဲ့အတူ အပြန်အလှန်ဆွေးနွေးသုံးသပ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါလူထုတွေ့ဆုံပွဲမှာ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ​တွေနဲ့ စစ်ရှောင်စခန်းက ပြည်သူတွေ တက်ရောက်ပြီး စုစုပေါင်း လူဦးရေ (၅၀၀) ဝန်းကျင်ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

Facebook