Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာမြို့နယ်က စစ်တပ်စခန်းအချို့ AAနဲ့ ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။

အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ

နိုဝင်ဘာ-၂၆၊၂၀၂၅။မိထက်/People’s Spring

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်က စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော်(AA)နဲ့ ပူး‌ပေါင်းတပ်တွေက ထပ်မံသိမ်းလိုက်ပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲနေပါတယ်။

လေးမျက်နှာမြို့နယ်၊သဲနုကုန်းရွာပတ်ဝန်းကျင်က စစ်ကောင်စီရှေ့တန်းစခန်းတချို့ကို AAနဲ့ ပူး‌ပေါင်းတပ်တွေက သိမ်းယူလိုက်တာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဒီကနေ့ (နိုဝင်ဘာလ၂၆ရက်) မနက်ပိုင်းမှာ ပြောပါတယ်။

“ရွာနားက တိုက်ပွဲတော်တော်ပြင်းထန်တယ်။မုံရွာ-ပုသိမ်လမ်းပိုင်းနားမှာလည်းချတယ်။ စစ်တပ်ကကျတော့် လေကြောင်းကနေ ညဘက်တွေဆို ဗုံးကြဲပြီ။လက်နက်ကြီးကတော့ခဏခဏပစ်တယ်”လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်တပ်ထိခိုက်သေဆုံးမှုတွေများပြားနေပြီးဂျက်ဖိုက်တာအပြင် စက်တက်လေထီး၊ဒရုန်းတွေနဲ့ ဗုံးကြဲနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။ ညနက်ပိုင်းတွေမှာ လေကြောင်းကနေဗုံးကြဲလေ့ရှိပြီး လေးမျက်နှာမြို့နယ်ဘက်ကိုဦးတည်ပျံတဲ့ ဂျက်ဖိုက်တာအသံကို ဇလွန်၊ ဟင်္သာတမြို့မြို့နယ်တွေကနေ ညတိုင်းကြား​နေရတယ်လို့ ဒေသခံ​တွေကပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသက ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာနေထိုင်ကြဖို့၊ တိုက်ပွဲဖြစ်နေတဲ့ရွာတွေဘက်ကို မလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေကတော့ သတိပေးထားကြပါတယ်။

လေးမျက်နှာမြို့နယ်ဟာဟင်္သာတခရိုင်၊ကွင်းကောက်မြို့မှာရှ်ိတဲ့ စစ်တပ်ရဲ့တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)နဲ့လည်း မိုင်အနည်းငယ်သာဝေးပါတယ်။ အခုရက်ပိုင်းမှာ စစ်ကောင်စီက တတက(၅)ကို အင်အားအများအပြားဖြည့်းတင်းနေသလို အဲဒီကနေလက်နက်ကြီးတွေပစ်ခတ်မှု​တွေပိုမိုလုပ်​နေတယ်လို့ သိရပါတယ်။

စက်စက်ယိုကျေးရွာအပါအဝင်လေးမျက်နှာမြို့နယ်ထဲက စစ်တပ်စခန်းတချို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့မတ်လကတိုက်ပွဲတွေမှာ သိမ်းယူခဲ့ပါ‌သေးတယ်။

တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်တပ်ကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ၂၃ရက်နေ့က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYAPDF အမှတ် ၂၉ဗျူဟာက ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းထဲမှာ လေးမျက်နှာမြို့နယ်အပြင် ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီမြို့နယ်လေးခုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ဒေသတွေဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ချင်းလယ်ရွာနဲ့ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ၁၁ရက်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။ အဲဒီဒေသတွေမှာ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

Facebook