Connect with us

Hi, what are you looking for?

သတင်း

တညင်းကုန်းဈေး ကုန်ခြောက်တန်း မီးလောင်

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းဈေးမီးလောင်မှုဖြစ်ခဲ့တာကြောင့် ၁နာရီနီးပါးမီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဓာတ်ပုံ - MFSD

နိုဝင်ဘာ-၂၆၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ တညင်းကုန်းဈေးမီးလောင်မှုဖြစ်ခဲ့တာကြောင့် ၁နာရီနီးပါးမီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့(နိုဝင်ဘာ ၂၆) ည ၈နာရီမှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး Level 1 အဆင့်မီးငြှိမ်းသတ်ယာဉ်တွေနဲ့သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။

တညင်းကုန်းဈေးမှာ ကုန်ခြောက်တွေ ရောင်းချတဲ့ ဈေးရုံနံပါတ် ၃ မှာ မီးလောင်ခဲ့တာဖြစ်ပြီး ဈေးရုံအတွင်းပိုင်းအထိ ဝင်ရောက်မီးငြှိမ်းသတ်ခဲ့ရတာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကို ည ၈ နာရီ ၄၆ မိနစ်မှာ ငြှိမ်းသတ်ခဲ့တယ်လို့ မီးသတ်ကထုတ်ပြန်ထားပေမယ့် အပြီးသတ်မီးငြှိမ်းသတ်နိုင်ခဲ့တာက ည ၉နာရီလောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်မှု အကြောင်းရင်းနဲ့ ဆုံးရှုံးမှူတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပွင့်လင်းရာသီ‌ရောက်လာတာနဲ့ အမျှ ရန်ကုန်မြို့မှာ ဒီရက်ပိုင်းအတွင်း မီးလောင်မှုတွေ ခပ်စိတ်စိတ်ဖြစ်နေတာကြောင့် မီးဘေးလုံခြုံရေးသတိထားဖို့ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။