Connect with us

Hi, what are you looking for?

သတင်း

မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ဈာပန

မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ ဈာပနကို ရန်ကုန်မြို့ ၊ ရေဝေးသုဿာန်မှာ နိုဝင်ဘာ ၂၇ ရက်မှာပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ-​ပေးပို့

နိုဝင်ဘာ-၂၇၊၂၀၂၅။တာရာ/People’s Spring

မြန်မာစာ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ ဈာပနကို ရန်ကုန်မြို့ ၊ ရေဝေးသုဿာန်မှာ နိုဝင်ဘာ ၂၇ ရက်မှာပြုလုပ်ခဲ့ပါတယ်။

မြန်မာစာဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်ဟာ နိုဝင်ဘာ ၂၅ ရက် ၅ နာရီ ၅၅ မိနစ်အချိန်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာ အသက် ၉၀ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာကြီးကို အဖမြန်မာတိုင်းရင်းသမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာမှာ မွေးဖွားခဲ့တာပါ။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ထန်းပုရွာနဲ့ ဘုတလင်မြို့နယ်၊ စည်ပါရွာတို့မှာကြီးပြင်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ ဂုဏ်ထူးဦးသိန်းနိုင် နဲ့ ကျွန်တော်နဲ့က ဆရာတပည့်ပေါ့နော်။ နှစ်ပေါင်း ၅၀ မကတော့ဘူး။ ၅၀ ကျော်လာပါပြီ။ဆရာဆီမှာ ကျောင်းစာရေးဝင်လုပ်ရင်းကနေ စာသင်တာဝါသနာပါပြီးတော့ ဆရာဦးသိန်းနိုင် မြေတောင်မြောက်ပေးမှုကြောင့် ဂုဏ်ထူးဦးအောင်ခိုင်ဖြစ်လာတဲ့အတွက် ကျေးဇူးကြီးလှပါတယ်” လို့ဂုဏ်ထူးဦးအောင်ခိုင်ကပြောပါတယ်။

ဂုဏ်ထူးဦးသိန်းနိုင်ဟာ မြန်မာစာအဖြေကျော် (ဆရာတင်မိုးနှင့်) ၁၉၅၈၊ ဘဝကြေးမုံ စာကြေးမုံ (စာဆိုတို့၏ ဘဝနှင့်စာပေ) ၁၉၅၉၊ ဂုဏ်ထူး စာစီစာကုံးများ ၁၉၆၂ ၊ ညောင်းရွက်ကယ်တည့် ကလေဟန် (လုံးချင်းဝတ္ထု) (ဆရာမင်းဏီနှင့်) ၁၉၆၃၊ တော်ဝင်စာမွန် (ဦးသန်းထွန်းနှင့်) (The Royal Essays) ၁၉၆၄၊ စာယဉ်စာစီစာကုံးများ ၁၉၆၄၊ လမ်းသစ်စာစီစာကုံးများ ၁၉၆၄၊ လူရည်ချွန် စာစီစာကုံးများနှင့် နှစ်စဉ်ထုတ် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်း၊ သင်ရိုးကုန် စာအုပ်များ၊ အထူးထုတ်များ ၁၉၆၄၊ မြန်မာစာပေ အထွေထွေ ၁၉၆၅၊ ဂုဏ်ထူးသတ်ပုံကျမ်း ၁၉၆၆၊ ကဗျာပန်းမြိုင် ၁၉၆၆ ၊ ဆရာလွတ်မြန်မာစာစီစာကုံး ၁၉၆၇၊ မြန်မာ့ဇာတ်သဘင်သမိုင်း (၁၉၆၃ ခုနှစ်၊ အနုပညာစာပေ တတိယဆု) ၁၉၆၈၊ မြန်မာ့ရုပ်စုံသဘင်(အမျိုးသား စာပေဒုတိယဆု) ၁၉၆၈၊ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၈၊ မြန်မာစာဋီကာ ၁၉၆၈၊ မြန်မာ စာစီစာကုံးများ ၁၉၉၂၊ ပန်းစံပယ် စာစီစာကုံးများ ၂၀၀၂၊ ရွှေဒေါင်းတောင် စာစီစာကုံးများ ၂၀၀၃၊ ရွှေပြည်တန် စာစီစာကုံးများ ၂၀၀၃၊ ဂုဏ်ထူးမော်ကွန်း၊ ရွှေရတု စာစီစာကုံးများ ၂၀၀၆ စတဲ့ စာအုပ်တွေကို ထုတ်ဝေခဲ့ပါတယ်။

ဆက်စပ်သတင်းများ