Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရဲ့ TPS ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို မင်နီဆိုးတားရောက် ကရင်တိုင်းရင်းသားတွေ စိတ်ပျက်

အမေရိကန်ရဲ့ ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန အမှတ်တဆိပ်

နိုဝင်ဘာ-၂၈၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံသားတွေကို နယ်နှင်ခံရမယ့် အခြေအ

နေကနေ ဟန့်တား ကာကွယ်ပေးထားတဲ့ ယာယီ အကာအကွယ်ပေးမှု အစီအမံ (TPS)ကို အမေရိကန် အစိုးရက ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့အပေါ် မင်နီဆိုးတား ပြည်နယ်ထဲက ကရင် တိုင်းရင်းသားတွေက စိတ်ပျက် တုန်လှုပ်နေကြပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာအခြေအနေတွေပြန်လည်တည်ငြိမ်တိုးတက်လာနေပြီမို့ TPSကို ဆက်ပြီး သတ်မှတ်ပေးထားစရာ မလိုတော့ကြောင်း ပြောကြားပြီး ဇန်နဝါရီ ၂၆ ရက်နေ့မှာ TPSကို အဆုံးသတ်မယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီသတင်းက အားလုံးကို ထိတ်လန့်သွားစေခဲ့တယ်လို့ စိန့်ပေါလ်မြို့က မြန်မာ စားသောက်ဆိုင်ဖြစ်တဲ့ Mandalay Kitchenရဲ့ စားဖိုမှူးနဲ့ ဆိုင်ပိုင်ရှင် ခရစ္စတိုဖာ တွန်ဘောက ပြောပါတယ်။သူဟာငယ်စဉ်က ထိုင်းနိုင်ငံဖက် နယ်စပ် ဒုက္ခသည် စခန်းတစ်ခုဆီ ထွက်ပြေး ခိုလှုံခဲ့ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်မှာတော့ စိန့်ပေါလ်ဆီကို ရောက်လာခဲ့တာပါ။ လူနေဧရိယာတွေတဝိုက်ကိုမြန်မာစစ်တပ်ကနေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ သူတို့တွေ ထွက်ပြေးခဲ့ရတာလို့ တွန်ဘောက ပြောပြပါတယ်။

အခုအခါ မင်နီဆိုးတား ပြည်နယ်ထဲမှာကရင်တိုင်းရင်းသားအနွယ် ၂၀,၀၀၀ လောက် နေထိုင်နေကြပါတယ်။ အခု သီတင်းပတ် အစောပိုင်းမှာ အမေရိကန်ရဲ့ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေကို TPSရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။

အမေရိကန်မှာ TPSအရ နေထိုင်သူ ၄,၀၀၀ နီးပါးလောက်ရှိပါတယ်။TPS ဆိုတာက သဘာဝဘေး၊ စစ်ဘေးတို့လို အရေးပေါ် အခြေအနေတွေ ကြုံနေတဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားတွေကို အမေရိကန်ကနေ အတင်းအကျပ်ပြန်မပို့နိုင်အောင်ကာကွယ်ပေးထားတဲ့ အစီအမံ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ပြည်တွင်း လုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ ဘေးကင်းတဲ့ထိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေက တိုးတက်လာလို့ TPSကို ရုပ်သိမ်းပါတယ်ဆိုပြီး အကြောင်းပြခဲ့ပေမယ့် တွန်ဘောကတော့ လက်မခံပါဘူး။

သူက အမေရိကန်အစိုးရအနေနဲ့ဘာကြောင့် TPS ရုပ်သိမ်းသလဲဆိုတာသူနားမလည်ကြောင်း၊ ဒါဟာ မြန်မာပြည်သူတွေကို ဒုက္ခတောထဲ ပြန်တွန်းပို့တာနဲ့ ဘာမှ မခြားကြောင်း ဝေဖန်ခဲ့ပါတယ်။

မင်နီဆိုးတားကရင်အစည်းအရုံးအမှုဆောင် ဒါရိုက်တာ အဲလစ် ဘက်ခ်နာက အခြေအနေမှန်ကို သိသူတိုင်းက မြန်မာကို ပြန်သွားဖို့ ဆိုတာ မလုံခြုံကြောင်း၊ အရမ်း အန္တရာယ်များကြောင်း သဘောပေါက်ကြတယ်လို့ဆိုပါတယ်။

တွန်ဘောကတော့အမေရိကန်အစိုးရအနေနဲ့ TPS ရုပ်သိမ်းမှုနဲ့ ပတ်သက်ပြီး သဘောထား ပြောင်းသွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ မြန်မာမှာ ဒီမိုကရေစီကို အမှန်တကယ် လိုလားပါတယ် ဆိုတာမျိုး မြင်သာလာတဲ့အချိန်ထိတော့ TPS သတ်မှတ်ချက်ကို ဆက်ပြီး ထားရှိခွင့် ပေးသင့်ကြောင်း တွန်ဘောက ပြောကြားသွားပါတယ်။

ကိုးကား-CBS

ဆက်စပ်သတင်းများ