Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးထိန်းသိမ်းထားတဲ့ DKBA တပ်ဖွဲ့ဝင်တွေကို KNU ပြန်လွှတ်ပေး

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မင်းလက်ပံ တရုတ်ကျားဖြန့်ဆိုက်က DKBA တပ်ဖွဲ့ဝင်တွေကို မနေ့ (နိုဝင်ဘာ ၂၇)ရက်မှာ KNU က ပြန်လွှတ်ပေးလိုက်ပြီး နောက် ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ကို ရောက်ရှိပြီလို့ DKBA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ - Ler Pyaw

နိုဝင်ဘာ – ၂၈ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မင်းလက်ပံ တရုတ်ကျားဖြန့်ဆိုက်က DKBA တပ်ဖွဲ့ဝင်တွေကို မနေ့ (နိုဝင်ဘာ ၂၇)ရက်မှာ KNU က ပြန်လွှတ်ပေးလိုက်ပြီး နောက် ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ကို ရောက်ရှိပြီလို့ DKBA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ – Ler Pyaw

“ပြန်လွတ်ပြီလို့ပြောတယ်၊ မနေ့ နေ့ခင်းပိုင်းလောက်တုန်းကလို့ ပြောတယ်၊ လက်နက်လည်း ပြန်ပေးမယ်လို့ပြောတယ်၊ ရောက်ပြီလား မရောက်သေးဘူးလား အဲ့ဒါတော့ ကျွန်တော်သေချာမသိရသေးဘူး၊ ကျွန်တော်ကြားရသလောက် လာပြန်ခေါ်လို့ရပြီးဆိုတော့ ဖလူးမှာ ကားလွှတ်ပြီးသွားပြန်ကြိုတာ ဒီအဖွဲ့တွေတက်ပြီးတော့ပြန်လာတာပဲ” လို့ ဗိုလ်မှူးချုပ်စောစိန်ဝင်းက ဒီနေ့ (နိုဝင်ဘာ ၂၈ ရက်)မှာ ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်အရေအတွက်နဲ့ လက်နက်တွေ ကို KNUက DKBA ကို ပြန်လည်ပေးအပ်၊ မပေးအပ်တာတွေကိုတော့ သေချာမသိရသေးဘူးလို့ ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သေချာတိကျမမေးကြည့်ရသေးဘူး၊ ဒီကိစ္စ ရှေ့ကို ဒီလိုမျိုး ပြန်မဖြေရှင်းကြဘူးဆိုရင် ရှေ့ဆက် တစ်ယောက်နဲ့တစ်ယောက် အမြင်တိမ်းစောင်းမှုတွေ မဖြစ်အောင်ပေါ့လေ ” လို့ သူက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က မြ၀တီမြို့တောင်ဘက် မင်းလက်ပံရွာအနီးမှာ စစ်တပ်နဲ့ KNU တို့အကြား တိုက်ပွဲတွေဖြစ်နေချိန် ဗိုလ်မှူးကြီးနိုင်လွင် ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေက စစ်တပ်ဘက်ကနေပြီး KNU တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

DKBA တပ်ဖွဲ့တွေ တပ်စွဲထားပြီး တိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင် ၂၃၀ ဦး လက်နက်ချခဲ့ပြီး စခန်းကိုလည်း ထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

အဲဒီ DKBA တပ်စွဲထားတဲ့နေရာဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေ လုပ်ကိုင်နေတဲ့ ခြံဝင်းဖြစ်ပြီး ကျားဖြန့်အလုပ်သမား ၂,၀၀၀ ခန့်ရှိမယ်လို့ KNU က ခန့်မှန်းထားပါတယ်။

KNU က DKBA လက်အောက်မှာလည်ပတ်နေတဲ့ မင်းလက်ပံရွာက ကျားဖြန့်ဆိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ရက်ပိုင်းအကြာမှာ DKBA ကလည်း ဖလူးလေး၊ ဝေါ်လေနဲ့ စုကလိအထိ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း၊ အရေးပေါ်သွားလာလိုပါက ကြိုတင်သတင်းပေးပို့ဖို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီလိုမျိုး သတ်မှတ်ထုတ်ပြန်ရတာဟာ စစ်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်ပဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်သာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောကြားထားပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဟာ ဦးသိန်းစိန်အစိုးရ လက်ထက် မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA )ထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပါ။

အာဏာသိမ်းစစ်ကောင်စီနဲ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးမှုတွေရှိတဲ့အဖွဲ့ဖြစ်သလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလည်း ထောက်ခံသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ