နိုဝင်ဘာ-၂၈၊ ၂၀၂၅။ ရှိန်း/People’s Spring
မန္တလေး-မတ္တရာလမ်းပိုင်းကို ဒီနေ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လူကြီးလမ်းကြောင်းရှိလို့ဆိုပြီး လုံခြုံရေးချတာတွေ၊ လမ်းဘေးဈေးသည်တွေကို ဆိုင်ပိတ်ခိုင်းတာတွေပြုလုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မန္တလေးမြို့အထွက် ရွှေကျင်တိုးဂိတ်ကနေ မတ္တရာမြို့အထိ လမ်းဘေး ဈေးသည်တွေကို ဒီနေ့ မနက်မှာ ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
“လက်နက်ကြီး ချိန်ထားတယ်။ တခုခုဆို လက်နက်ကြီးပစ်မယ်လို့လည်း ပြောတယ်လို့ ပြောတယ်။ လမ်းကြောင်းရှိတယ်လို့ သတင်းကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မတ္တရာမြို့နယ်ကို စစ်တပ်က အလုံးစုံပြန်သိမ်းပြီးတဲ့နောက် ဒါဟာ စစ်ကောင်စီရဲ့ ပထမဆုံး လူကြီးလမ်းကြောင်းခရီးစဉ်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးခရီးစဉ်ဖြစ်ပါက ဗန်းမော်နေက ပြောင်းရွှေ့လာတဲ့ ဗိုလ်မှူးချုပ်တင်မင်းလတ်ရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်က လက်ရှိမှာ မတ္တရာမြို့နယ်က နေတဆင့် စဉ့်ကူးမြို့နယ်ဘက်ကို စစ်ကြောင်း တွေထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။


















































