Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်ဒေသက စစ်တပ်နေရာအချို့ကို KIA သိမ်းပိုက်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနားက စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တိုက်ပွဲတခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၂၈၊ ၂၀၂၅။ ပုရစ်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာနားက စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုဝင်ဘာ ၂၇ရက် ညနေပိုင်းမှာ လမြန်ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ခြေကုပ်နေရာကို သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲတောက်လျှောက်ရှိတယ်။ ဒီနေ့မနက်လည်း ဂျက်လေယာဉ် ၄ကြိမ်လာကြဲပြီးပြီ။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့က သိမ်းပိုက်ခဲ့တဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခိုက်မှုများစွာ ပြုလုပ်လာလို့ KIAဘက်က ပြန်ဆုတ်ခွာထားကြောင်းလည်း ပြောပါတယ်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကလည်း ဝိုင်းမော်လမြန်ဒေသ အခြေအနေကို နိုဝင်ဘာ ၂၇ရက်က ဖြေကြားထားရာ လမြန်ဘက်တွင် မြေပြင်ထိုးစစ်ထက် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုများ စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ပြုလုပ်နေတယ်လို့ အသိပေးပါတယ်။

“သူတို့ရဲ့ လက်လွှတ်ခဲ့တဲ့ ရွှေညောင်ပင်စခန်းဘက်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အိမ်တွေထိခိုက်တာရှိတယ်။ နောက် လမြန်ဘက်မှာလည်း သူတို့ အမြဲတမ်းလို ထိုးစစ်ဆင်ဖို့ မြေပြင်ကနေ ပြင်ဆင်တာတွေ့ရပါတယ်။ အဲဒီမှာ ကျနော်တို့လည်း အမြဲတမ်း စောင့်ကြည့်ပြီးမှ တိုက်ခိုက်နေတာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာ ၂၇ရက်မှာ ပြောထားပါတယ်။

KIAနဲ့ စစ်ကောင်စီတပ်တို့ဟာ ဗန်းမော်မြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပြီး ဖားကန့်ဘက်မှာလည်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ