Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၉၀၂)တပ်ရင်း ( People’s People’s Defence Force – Natmauk) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ရဲဘော်တွေ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၂၉၊ ၂၀၂၅ ဇေအောင်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၉၀၂)တပ်ရင်း ( People’s People’s Defence Force – Natmauk) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၈ ရက် မနက် ၇နာရီခန့်က နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာကနေထွက်လာတဲ့ အင်အား ၉၀ကျော်ပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၁နာရီခွဲဝန်းကျင်ကြာမြင့်ခဲ့ကြောင်း အမှတ်(၉၀၂)တပ်ရင်း ( People’s People’s Defence Force – Natmauk ) တာဝန်ရှိသူက ပြောပါတယ်။

“ ရွာမွန်တပ် ၊ တောင်တွင်းတပ်နဲ့ ပျူစုဖွဲ့အင်အားဖြစ်မယ်လို့ခန့်မှန်းရတယ်” လို့ ၎င်းက ပြောပါတယ်။ရဲဘော်တွေအထိအခိုက်မရှိခဲ့သလို စစ်အုပ်စုထိခိုက်မှုအခြေအနေကိုလည်း အတည်မပြုနိုင်သေးဘူးလို့ အမှတ်(၉၀၂)တပ်ရင်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ဆင်ရေးကို နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ်(၁၇)မှ အမှတ်(၉၀၂)တပ်ရင်း ၊ အထူးလှုပ်ရှားစစ်ကြောင်းနဲ့ သရက်ခရိုင်တပ်ရင်း(၁)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကလည်း နတ်မောက်မြို့နယ်မှာ စစ်​ကြောင်းထိုးလာတဲ့ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် နတ်မောက်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က ကြက်သောက်တွင်းကျေးရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းနဲ့ နီးစပ်တဲ့ နေရာဒေသတွေမှာ နေထိုင်ခြင်းမပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ