Connect with us

Hi, what are you looking for?

သတင်း

ရှမ်းတောင်တိုက်ပွဲ ခြေမြန်တပ်ရင်း(၄၂၇)တပ်ရင်းမှူး သေဆုံးဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲအတွင်းမှာ အမှတ်(၄၂၇)ခြေမြန်တပ်ရင်း(ခမရ-၄၂၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

နိုဝင်ဘာ-၂၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲအတွင်းမှာ အမှတ်(၄၂၇)ခြေမြန်တပ်ရင်း(ခမရ-၄၂၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

ခမရ(၄၂၇)တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အခြေစိုက်တပ်ဖြစ်ပေမယ့် ရှမ်းပြည်တောင်ပိုင်းကို စစ်ဆင် ရေးဝင်နေရတယ်လို့ အခုလဆန်းပိုင်းက အဲဒီတပ်ရင်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဆိုပါတယ်။

“ ရင်းမှူး အသေရတယ်။ကျန်တဲ့ အသေးစိတ်ကို ကျနော့်တို့ အခြေနေအရတော့ပြောပြလို့မရသေးဘူး” လို့ ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ ရဲဘော်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်ရင်းမှူးသေဆုံးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ် PNO တပ်သားအင်အားကိုအသုံးချပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကြောင်းထိုးရင်း ကြားဖြတ်တိုက်ခံနေရတာလို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ရွာတွေကို ထိုးစစ်ဆင်နေတာ။တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ” လို့ သူက ပြောပါတယ်။

တိုက်ပွဲနေရာတွေကို လုံခြုံရေးအခြေအနေ အတိအကျဖော်ပြလို့ မရသေးပေမယ့် ပင်လောင်းမြို့နယ်တောင်ဘက်ခြမ်းနဲ့ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ သိရပါတယ်။

အခုလပိုင်း ဖယ်ခုံအနောက်ခြမ်းတိုက်ပွဲတွေမှာ ပအိုဝ်းပြည်သူ့စစ် PNOက ဗိုလ်မှူးသုံးဦးအပါအဝင် တပ်သားအဆင့်တွေလည်း သေဆုံးသူတွေအများအပြားရှိတယ်လို့ ရှမ်းတောင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ရှမ်းတောင်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်ရဲ့ ဒီးမော့ဆိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဥ်ထားပြီး ပြည်နယ်အတွင်းက လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ နဲ့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်တွေမှာ စစ်မျက်နှာငါးခု ဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook