Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ့ခေါင်းဆောင်တွေလွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ကိုင်းတိုင်းမှာဆန္ဒပြ

နိုဝင်ဘာ-၂၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ မတရားဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေလွှတ်ပေးရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းက “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါ့အပြင်တော်လှန်ပြည်သူတွေဟာမတရားသဖြင့် ဖမ်းဆီးထားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ်မှာလည်းတော်လှန်ပြည်သူတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲအားဆန့်ကျင်ကြောင်း “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့သပိတ်မှောက်”၊”အတုအယောင်ရွေးကောက်ပွဲ ပြည်သူအားလုံး မဆင်နွှဲ”၊ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” ဗီနိုင်း/စာသားတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် ညနေဆည်းဆာသပိတ်စစ်ကြောင်းမှ ရဲဘော်တွေက စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ