Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PDF ဇိုလဲန်းက တပ်သားသစ် ထပ်မံခေါ်ယူ

ချင်းပြည်နယ်၊ တီးတိန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်(၁၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ လက်ခံနေကြောင်း ဒီကနေ့ နိုဝင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

PDF ဇိုလဲန်းတပ်ဖွဲ့က ရဲဘော်တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF Zoland

နိုဝင်ဘာ-၂၉၊ ၂၀၂၅။ ပုရစ်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်(၁၈) အတွက် သင်တန်းသား၊ သင်တန်းသူတွေ လက်ခံနေကြောင်း ဒီကနေ့ နိုဝင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

လူငယ်တွေ စစ်ကောင်စီကို တွန်းလှန်ဖို့ သင်တန်းမှာ ပါဝင်ဖို့ စာရင်းသွင်းနိုင်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ PDF ဇိုလဲန်းက ထုတ်ပြန်ပါတယ်။

PDF ဇိုလဲန်းဟာ စစ်သင်တန်းအပတ်စဉ်(၁၇) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ရက်မှာ ကျင်းပခဲ့ပြီး ရသတ္တပတ် အနည်းငယ်အကြာမှာ အခြေခံစစ်ပညာသင်တန်းအသစ်ကို ထပ်မံဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့(တီးတိန်မြို့) ငါတို့ ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေပါတယ်” လို့လည်း အဲဒီ သင်တန်းဆင်းပွဲ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PDF ဇိုလဲန်းဟာ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်ပြး နိုဝင်ဘာ ၂၇ရက်က တီးတိန်မြို့အဝင် ဆိုင်းဘုတ်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့အဝင်ဂိတ်ကို သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ စစ်သုံ့ပမ်းအချို့နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ကြောင်း PDF ဇိုလဲန်းက အသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာစဉ်က ခေတ္တရှောင်ပေးခဲ့တဲ့ တီးတိန်မြို့နယ် ကနေဒီတောင် တပ်စခန်းကို PDF ဇိုလဲန်းတပ်ဖွဲ့က နိုဝင်ဘာ ၁၈ရက်မှာ ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီဟာအောက်တိုဘာ နောက်ဆုံးပတ်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ အကြိမ်ပေါင်းများစွာ စစ်အင်အားချပြီး မြေပြင်စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေသလို ကလေးဘက်ကနေ မြေပြင်စစ်ကြောင်းနဲ့လည်း တီးတိန်မြို့ကို ဝင်ရောက် ထိုးစစ်ဆင်လာလို့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲပ တိုက်ပွဲဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ