Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်ရှောင်တစ်ဦးကို စစ်တပ်က သတ်ဖြတ်

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ရှောင်ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်သွားကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

နိုဝင်ဘာ-၂၉၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ရှောင်ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်သွားကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်က မြိုင်မြို့နယ်၊ စက်မှု(၂)ကနေထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ စစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာနေ (၃၃)နှစ်အရွယ် ကိုငသိန်းဆိုသူကို ဖမ်းဆီးကာ သရက်ကန်ပျူစောထီးကျေးရွာထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နောက်တနေ့မှာတော့ သရက်ကန်ပျူရွာမှတဆင့် တွင်းမရွာဘက် ဆီပြန်ထွက်တဲ့ မြေရင့်ရွာနဲ့ နှမ်းဆီကန်ကျေးရွာအကြားတောထဲမှာ စစ်ဘေးရှောင်နေတဲ့ ကိုငသိန်းအား သတ်ဖြတ်သွားခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

” တောတိုက်မှာ စစ်ရှောင်နေရင်း အဖမ်းခံလိုက်ရတာ။ ဒီမနက် နှမ်းနှုတ်သွားတဲ့သူတွေက သူ့အလောင်းတွေ့လို့ လာပြောတာ။ သူ့အဖေကို ဖမ်းမသွားဘဲ သူ့တစ်ယောက်တည်း ဖမ်းသွားခဲ့တာလို့ သိရပါတယ်။” လို့ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုငသိန်းရဲ့ ဝမ်းဗိုက်မှာထိုးသွင်းဒဏ်ရာ နှစ်ချက်နဲ့ လည်ပင်းအားလှီးဖြတ်ပြီး သတ်ဖြတ် ထားတာကို တွေ့ရှိခဲ့ရကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အသိပေးပါတယ်။

ဒါ့အပြင် ၎င်းနေရာနဲ့ (၁)မိုင်လောက်အကွာမှာ ပခုက္ကူမြို့နယ် အောင်သာကျေးရွာ ဇာတိဖြစ်သူ အမျိုးသားရုပ်အလောင်းတခုကိုလည်း တွေ့ရှိရကြောင်း၊ မှတ်ပုံတင်အချက်အလက်တွေအရ မောင်ဇော်မင်းခိုင်လို့သိရပြီး အောင်သာကျေးရွာမှ ပျူစောထီးတစ်ဦးဖြစ်မယ်လို့ ယူဆရကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ထပ်မံ အသိပေးပါတယ်။

စစ်ရှောင်ပြည်သူကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ညနေပိုင်းမှာ ပခုက္ကူမြို့နယ်က ညောင်ဂျစ်ပင်ရွာပျူစခန်းကို ဝင်ရောက်သွားတယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။

မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးလာတဲ့ပြည်သူတွေထဲက ပြည်သူ ၂ဦးကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားခဲ့ပါသေးတယ်။

နိုဝင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ်၊ ကံကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခဲ့ပြီး လူငယ်တွေအပါအဝင် ပြည်သူ၅ဦး သေဆုံးကာ ၃၀ကျော်ဒဏ်ရာ တွေရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook