Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ မဲမပေးကြဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေလှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၂၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

နိုဝင်ဘာ-၂၉၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးကြဖို့ လှုံ့ဆော်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၂၉) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုအဖြစ် “ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ” စာသားနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

တဆက်တည်းမှာပဲ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုဇွဲ ကျဆုံးခြင်း (၂)လပြည့် အမှတ်တရအဖြစ် ကိုဇွဲ ဘဝ ဖြတ်သန်းခဲ့မှုနဲ့ နွေဦးတော်လှန်ရေးမှာ ကိုဇွဲရဲ့ တော်လှန်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပုံတွေကို ရဲဘော်ရဲဘက်တွေက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်နဲ့စစ်ကောင်စီ ရွေးကောက်ပွဲ မဲမပေးကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်ကော်မတီမှ ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ရပ်ရွာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။

တော်လှန်ပြည်သူတွေက “ ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပေးနဲ့သပိတ်မှောက်” ၊ “ အတုအယောင်ရွေးကောက်ပွဲကိုလူထုအားနဲ့တိုက်ဖျက်ကြ” ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ