Connect with us

Hi, what are you looking for?

သတင်း

မုံရွာခရိုင်အတွင်းက လမ်းတွေမှာ ဖမ်းဆီးခံရတာနဲ့ ငွေတောင်းပစ္စည်းသိမ်းခံရတာတွေရှိရင် ဖုန်းဆက်တိုင်ကြားဖို့ တော်လှန်ရေးတပ်တွေ ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက လမ်းပိုင်းတွေမှာ ခရီးသွားပြည်သူတွေ ဖမ်းဆီးခံရတာနဲ့ ငွေတောင်းရမ်းပစ္စည်းသိမ်းခံရတာတွေရှိရင် ဖုန်းဆက်တိုင်ကြားဖို့ တော်လှန်ရေးတပ်တွေက ဆိုင်းဘုတ်တွေ အသိပေးစိုက်ထူထားကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုင်ကြားရန်ဆိုင်းဘုတ်အား တွေ့ရစဥ်။ ဓာတ်ပုံ-Win Min Soe

နိုဝင်ဘာ ၃၀၊၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက လမ်းပိုင်းတွေမှာ ခရီးသွားပြည်သူတွေ ဖမ်းဆီးခံရတာနဲ့ ငွေတောင်းရမ်းပစ္စည်းသိမ်းခံရတာတွေရှိရင် ဖုန်းဆက်တိုင်ကြားဖို့ တော်လှန်ရေးတပ်တွေက ဆိုင်းဘုတ်တွေ အသိပေးစိုက်ထူထားကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာခရိုင်အတွင်းက လမ်းပိုင်းတချို့မှာ ခရီးသွားပြည်သူတွေအနေနဲ့ ပိုက်ဆံတောင်းခံရတာ၊ ပစ္စည်းထိန်းသိမ်းခံရတာနဲ့ ဖမ်းဆီးခံရပါက ဆ​က်သွယ်တိုင်ကြားနိုင်ကြောင်း ဖုန်းနံပါတ် ၄လုံး ရေးသားထားတဲ့ ဆိုင်းဘုတ်အနီတွေ ထောင်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဆိုင်းဘုတ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းက အသိပေးစိုက်ထူတယ်ဆိုတာကိုတော့ ရေးသားထားခြင်း မရှိပါဘူး။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီထံ ဆက်သွယ်မေးမြန်နေဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ လုပ်‌နေတာ။ ဂိတ်လိုက်ပိတ်နေတာ။ ရင်းတွေပေါင်းပြီး တစ်ဂိတ်ပဲထားရမှာ”လို့ မုံရွာခရိုင်အခြေစိုက် တော်လှန်ရေးခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ဆိုင်းဘုတ်​ထောင်အသိပေးတာကို ခရီးသွားပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

“မုံရွာခရိုင် တခုလုံးပဲ။ နောက်ဆို ဖုန်းဆက်တိုင်လို့ရပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာခရိုင်အတွင်းအပါအဝင် တော်လှန်ရေးဒေသက လမ်းပိုင်းတွေမှာ လမ်းပိုင်းအခွန်အခကြေးပေးဆောင်ရမှုကြီးမြင့်နေတဲ့အတွက် ပြည်သူတွေဟာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ လမ်းပိုင်းသွားလာသူတွေက ပြောပါတယ်။

“ဆိုင်းဘုတ်တွေ ဘယ်လောက်ထောင်ထောင် တကယ် လုပ်မှပါ”လို့ မုံရွာအခြေစိုက် တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းကပဲ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ လမ်းပိုင်းအခွန်အခကောက်ခံတာတွေများလို့ဆိုပြီး ကားသမားတွေက ဆန္ဒပြခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ