Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မောက်မြို့ထဲပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့စစ်တပ်နဲ့ SNA ​သေဆုံး၊ထိခိုက်သူများလို့ပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်တွေကို ​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်​နေတာ​ကြောင့် စစ်အုပ်စုဘက်မှာသေဆုံး ထိခိုက်မှုများနေတယ်လို့ ရှေ့တန်းသတင်းရင်း မြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

ဗန်းမောက်တိုက်ပွဲမှာ စစ်အုပ်စုရဲ့အ​သေခံဒရုန်းတွေကို ​တော်လှန်​ရေးတပ်က သိမ်းဆည်းရရှိခဲ့စဥ်။ ။ဓာတ်ပုံ- ဗန်း​မောက်ပကဖ

နိုဝင်ဘာ ၃၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်တွေကို ​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်​နေတာ​ကြောင့် စစ်အုပ်စုဘက်မှာသေဆုံး ထိခိုက်မှုများနေတယ်လို့ ရှေ့တန်းသတင်းရင်း မြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

နေ့စဥ်နီးပါး လေကြောင်းပစ်ကူနဲ့ မြို့ထဲကို ပြန်ဝင်ရောက်နိုင် ဖို့ကြိုးစားနေပေမယ့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို သယ်ပြီး စစ်အုပ်စုက ပြန်ဆုတ်နေရတယ်လို့ ဆိုပါတယ်။

“နာရီပိုင်းလောက်နဲ့ ၁၀ ယောက်လောက်သေတာ”
လို့ ရှေ့တန်းရဲဘော်တစ်ဦးက ဗန်းမောက်တိုက်ပွဲ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၇ ရက်က ဗန်းမောက် မြို့အနီးက နတလ(နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း)ကုန်းကို စစ်အုပ်စုက ပြန်ရပြီး မြို့ထဲကိုဝင်နိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

“နတလကုန်းကို ခံစစ်အသေအချာပြင်ထားတယ်။မြို့ထဲကပ်တယ်။ကပ်မရတော့နတလဘက်ပြန်ဆုတ်တယ်”လို့ဗန်းမောက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာလ အတွင်း ဗန်းမောက်တိုက်ပွဲတွေမှာ စစ်အုပ်စုဆီက အသေခံဒရုန်းတွေသိမ်းဆည်းရရှိခဲ့ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ SNA အဖွဲ့ဝင်တချို့ပါ ရှိတယ်လို့ သိရပါတယ်။

မြို့အနောက်ဘက်ခြမ်းကနေ တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်တပ်က အင်အား ၅၀၀ ဝန်းကျင်ရှိနိုင်ပြီး စစ်ကိုင်းအခြေစိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့ နယ်အတွင်း တပ်စွဲခဲ့တဲ့တပ်မ(၇၇)လက်အောက် ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ဗန်းမောက်မြို့ကိုအမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ PDF ​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေကစက်တင်ဘာ ၂၀ရက်မှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က အင်အားထပ်ဖြည့်ပြီး ​လေ​ကြောင်းပစ်ကူသုံးကာ မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစား​နေတာဖြစ်ပါတယ် ။စစ်ရေးအခြေအနေတွေ အတွက် ဗန်းမောက်မြို့မှာ ရက်အကန့်အသတ်မရှိ ညမထွက်ရအမိန့်ကို ကာကွယ်ရေးတပ်တွေ က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ