Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ် ရှိ အဆောက်အဦး ၁၀၀ ကျော် ကို စစ်ကောင်စီချိတ်ပိတ်

ရွှေကုက္ကိုယ်နယ်မြေအတွင်းအွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အဦး ၁၀၀ ကျော်ကို သိမ်းဆည်းချိတ်ပိတ်လိုက်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ – ၃၀ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ရွှေကုက္ကိုယ်နယ်မြေအတွင်းအွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုခဲ့တဲ့ တရားမဝင် အဆောက်အဦး ၁၀၀ ကျော်ကို သိမ်းဆည်းချိတ်ပိတ်လိုက်တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှု(ကျားဖြန့်)လုပ်ငန်းနဲ့ နာမည်ကျော်နေတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်ကို နိုဝင်ဘာ ၁၈ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်လုပ်ကိုင်နေသူတွေအများအပြားနဲ့ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တာပါ။

နောက်ရက် နိုဝင်ဘာ ၁၉ မှာ ရွှေကုက္ကိုယ်နယ်မြေထဲမှာရှိတဲ့ လူနေအဆောက်အဦးနဲ့ ဟိုတယ်၊ စျေးဆိုင်ခန်း၊ ဂိုဒေါင် စတဲ့ တရားမဝင်အဆောက်အဦး စုစုပေါင်း ၂၆ လုံးကို ထပ်မံစစ်ဆေးခဲ့ရာ ကျားဖြန့် လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကို မတွေ့ရှိတော့ပဲ လက်ကိုင်ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖြုတ်သိမ်းယူဆောင်သွားခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ရက်တာစစ်ဆေးမှုအတွင်းရွှေကုက္ကိုလ်မှာတရားမဝင်အဆောက်အဦး ၁၃၅ လုံးကို တွေ့ရှိရပြီး ပြန်လည်အသုံးပြုမှု မရှိစေဖို့အတွက် ချိတ်ပိတ်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရွှေကုက္ကိုနယ်မြေမှာတရားမဝင်ဝင်ရောက်နေထိုင်တဲ့နိုင်ငံခြားသား၂,၀၄၂ ဦးနဲ့ ကွန်ပျူတာ၊ ဖုန်း၊Starlink အင်တာနက်စက် စတဲ့ လုပ်ငန်းသုံးပစ္စည်းအများအပြားကို ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းတွေကို ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို ရွှေကုက္ကိုနယ်မြေ လုံထင်းဝန်းရှိ အဆောက်အဦးမှာ ထိန်းသိမ်းထားရှိပြီး ကိုယ်ရေးအချက်အလက်နဲ့ မှတ်တမ်းတွေ စာရင်းကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

လက်ရှိ ရွှေကုက္ကိုမြို့ထဲမှာ ချိတ်ပိတ်သိမ်းဆည်းခဲ့တဲ့ အဆောက်အဦးတွေဟာ တရုတ်ကျားဖြန့်ပိုင် အဆောက်အဦးတွေအများစု ဖြစ်တယ်လို့ ရွှေကုက္ကိုသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ အဆောက်အဦးတွေ တိုက်တွေ ချိတ်ပိတ်လိုက်တာပေါ့၊ တရုတ်ဟာတွေပေါ့” လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

ရွှေကုက္ကိုမြို့မှာ ကျားဖြန့်တွေကို စစ်တပ်က နှိမ်နင်းခဲ့ပေမယ့် အောက်ခြေ အလုပ်သမားအများစုကိုသာ ဖမ်းဆီးရမိခဲ့ပြီး အရေးပါတဲ့ ထိပ်တန်းအကြီးပိုင်း ကျားဖြန့်သူဌေးခေါင်းဆောင်တွေကတော့ ကျန်ရှိနေသေးတယ်လို့ ရွှေကုက္ကိုသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ