Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်က မော်တာကျည်တွေ ထိုင်းပိုင်နက်ထဲ ကျရောက်ခဲ့တဲ့နောက် ထိုင်းက လက်နက်ကြီးနဲ့ သတိပေးပစ်ခတ်

မြန်မာဖက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနေ ထိုင်းနိုင်ငံ ပိုင်နက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့နောက် ထိုင်းစစ်တပ်က သတိပေးတဲ့ အနေနဲ့ မီးခိုးဗုံး လက်နက်ကြီး ကျည်ဆန်တွေ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

ထိုင်းဘက်သို့ကျ​ရောက်တဲ့လက်နက်ကြီးကျည် အပိုင်းအစနဲ့ အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-Addy ၊The Nation

■ မြန်မာဘက်ကပစ်တဲ့လက်နက်ကြီး​ကြောင့်စစ်​​​ဘေးရှောင်​အမျိုးသမီးတဦး နဲ့က​​လေးတဦးဒဏ်ရာရ

နိုဝင်ဘာ-၃၀၊၂၀၂၅။People’s Spring

မြန်မာဖက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနေ ထိုင်းနိုင်ငံ ပိုင်နက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တဲ့နောက် ထိုင်းစစ်တပ်က သတိပေးတဲ့ အနေနဲ့ မီးခိုးဗုံး လက်နက်ကြီး ကျည်ဆန်တွေ တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

အမှတ်(၃)စစ်ဒေသကွပ်ကဲရေးဌာန၊အကြီးအကဲဒုတိယ ဗိုလ်ချုပ်ကြီး ဝိုရာသပ်ဘွန်ညာက ထိုင်းနိုင်ငံ ပိုင်နက်ထဲကိုမြန်မာဖက်ကပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ၆၀ မမ မော်တာကျည်ဆန် ၅ ခု ကျရောက်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာဖက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကရင် တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်​နေတဲ့နေရာအလယ်လောက်ကို မီးခိုးဗုံး လက်နက်ကြီးကျည်တွေ ပစ်ခတ်ပြီး သတိပေးဖို့ နယ်ခြားစောင့် ထိုင်းတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ကြောင်း ဘွန်ညာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)ကြား စစ်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်ဆန်တွေက နယ်စပ်ကိုကျော်လွန်ပြီးထိုင်းပိုင်နက်တက်ခ်ပြည်နယ် အစွန်အဖျားကိုကျရောက်ခဲ့တာဖြစ်ပါတယ်။

မဲဆောက်ခရိုင်ထဲကနယ်စပ်ဧရိယာတွေမှာမြန်မာဖက်က ပစ်ခတ်တဲ့ ၆၀ မမ မော်တာကျည် ၅ လုံး ကျရောက်ခဲ့တာ စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် နယ်ခြားစောင့် ယူနစ် တစ်ခုဖြစ်တဲ့ နာရယ်ဆွန် တပ်ဖွဲ့က ၁၂၀ မမ မီးခိုးဗုံး လက်နက်ကြီး ကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဘွန်ညာက နိုဝင်ဘာ ၃၀ မှာ ပြောကြားခဲ့ပါတယ်။

ကနဦးအစီရင်ခံချက်တွေအရထိုင်းပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ မော်တာကျည်တွေရဲ့ အစအနတွေ ထိမှန်လို့ နေအိမ်တစ်လုံး အနည်းအကျဉ်း ပျက်စီးခဲ့တယ်ဆိုတာ သိရှိထားကြောင်း ဘွန်ညာက ဆိုပါတယ်။

ပြီးတော့ စစ်​ဘေး​ရှောင်မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း၊ နှစ်ဦးစလုံးကို စောင့်ရှောက်ကုသပေးခဲ့ပြီးအသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်းလည်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

အမှတ် ၃ စစ်ဒေသ ကွပ်ကဲရေးဌာနဟာ နယ်ခြားစောင့် တပ်ဖွဲ့ အားလုံးကို လက်ရှိ နယ်စပ်လုံခြုံရေးအတွက် အထူး အာရုံစိုက်နေဖို့ ညွှန်ကြားထားပြီး ထိုင်းနိုင်ငံသားတွေရဲ့ ဘေးကင်းရေးကိုနံပါတ်တစ် ဦးစားပေး ကိုင်တွယ်ဖို့ညွှန်ကြားထားကြောင်းလည်း ဘွန်ညာက ပြောကြားသွားပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ