Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မှာမနေချင်လို့ ထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားသစ် သုံးဦးကို ရေးဘီလူး ထိန်းသိမ်းထား

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်တပ်မှာမနေချင်လို့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားသစ် သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားသစ် သုံးဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ရေးဘီလူး

ဒီဇင်ဘာ -၁၊ ၂၀၂၅။မိုမို/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်တပ်မှာမနေချင်လို့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားသစ် သုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၃၀ ရက်)ညပိုင်းက ဖမ်းမိတဲ့ အဲဒီစစ်ကောင်စီတပ်သားသုံးဦးဟာ စစ်မှုထမ်းဥပဒေ နဲ့ ပေါ်တာဆွဲခံခဲ့ရသူတွေဖြစ်ပြီး ရေးမြို့နယ် အခြေ စိုက် ခမရ(၅၈၆)တပ်ရင်းက လို့ဆိုပါတယ်။

“ တပ်ထဲမနေချင်လို့ ပြီးတော့ သူတို့မတရားဖမ်းဆီးခံရပြီး တပ်​ထဲ ရောက်လာတယ်လို့ ပြောတယ်။အရမ်းကြီးတော့ ယုံမရသေးဘူး။ ၅၀ ၊၅၀ အခြေ အနေမျိုးပဲ” လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းတပ်သားသစ်သုံးဦးရဲ့အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဥ်(၁)နဲ့(၂)တွေကဖြစ်ပြီး အသက် ၂၃ ၊၂၄ နဲ့ ၂၉ နှစ်အရွယ်တွေ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရေးဘီလူးတပ်ဖွဲ့ထံ အလင်းဝင်ခိုလှုံတာ နဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား ၃၀ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲ ပြင်းထန်နိုင်တယ်လို့လည်း ရေးဘီလူး တပ်ဖွဲ့က အသိပေးပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇တပ်ရင်း နဲ့အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ ၃၁၆)တို့ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook