Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ ၊ အသိအမှတ်မပြုဖို့ ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့တွေ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ကရင်အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး အတူတကွ ဆန့်ကျင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကရင်လူမှုအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် တနေရာမှာ တော်လှန်လူငယ်တွေက ဦးဆောင်ပြီး "သင့်မဲဖြင့် လူသတ်ခွင့် မပေးပါနဲ့" စာသားတွေနဲ့ NO VOTE သပိတ်အဖြစ် ၂၀၂၅ နိုဝင်ဘာ၂၃ရက်က ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - GSCB

ဒီဇင်ဘာ ၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ကရင်အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး အတူတကွ ဆန့်ကျင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကရင်လူမှုအဖွဲ့အစည်းတွေက ဒီဇင်ဘာ ၁ရက်မှာ သဘောထား ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အခု ဒီဇင်ဘာ ၂၈ရက်မှာ ကျင်းပဖို့ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်း ရှိ နိုင်ငံရေးပဋိပက္ခတွေကို လုံး၀ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း ၂၅ ဖွဲ့ စုပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ပြည်သူလူထုအများစု ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူသော အတုအယောင် ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြခဲ့ပြီး အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အရေးကြီးတယ်လို့တိုက်တွန်း ထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ သံတမန်တွေ အနေနဲ့လည်း တရားမဝင် အတင်းအကျပ် လုပ်ယူတဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နဲ့ ကန့်ကွက်ဆန့်ကျင်တဲ့ သဘောထားတွေ ခိုင်မာစွာ ပြသဖို့ ကရင်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ပြည်သူတွေအနေနဲ့ မိမိမဲနဲ့ စစ်တပ်ကို တရားဝင်မှု ပေးလိုက်ပါက မြန်မာ့နိုင်ငံရေး ပဋိပက္ခ ပြဿနာတွေဟာ ပိုမိုအဓွန့်ရှည်ကြာသွားမှာ ဖြစ်သလို စစ်ကောင်စီတပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလည်း အရေးယူဆောင်ရွက်နိုင်မယ့် လုပ်ဆောင်မှုတွေကိုပါ ပျက်ပြား သွားစေနိုင်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ကော်သူးလေနယ်မြေ(KNU အုပ်ချုပ်နယ်မြေ) အတွင်းရှိ ပြည်သူလူထု နေအိမ်၊ ကျောင်း၊ ဆေးရုံနဲ့ ဝတ်ပြုရာအဆောက်အအုံတွေ အပါအဝင် ပြည်သူ လူထုကို ပစ်မှတ်ထား ပြီး လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ပြည်သူလူထုများစွာ ထိခိုက်တာ၊ အသက်ဆုံးရှုံးတာ နေအိမ်အဆောက်အဦး ပျက်စီးတာတွေ ရင်ဆိုင်နေကြရတယ်လို့ အသိပေးပါတယ်။

ဒီလို အခြေအနေတွေ ကြုံနေရတဲ့ ပြည်သူလူထုရဲ့ အခြေအနေတွေရှိနေတဲ့ကြားက အချို့သောကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ကရင်ပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ကရင်လူမျိုးများအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတွေရဲ့ အကျိုးစီးပွါးကိုအမှူးမထားဘဲ အကြမ်းဖက်နေတဲ့ လူသတ်တရားခံအဖွဲ့အစည်းအား တရားဝင်မှုအခွင့်အလမ်းပေးမယ့် အတုအယောင်ရွေးကောက်ပွဲ ထောက်ခံ ပံ့ပိုးဖို့ ကြေညာ၊ ကြိုးပမ်းလုပ်ဆောင်နေတာကိုလည်း အထူး စိတ်ပျက်ဝမ်းနည်းကြောင်းလည်း ကရင်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ကရင်လူမှုအဖွဲ့တွေရဲ့ ကြေညာချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ပြန်လည်ဖော်ပြထားပါတယ်။ KNUဟာ စစ်တပ်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေပြီး စစ်ရေး၊ နိုင်ငံရေးအရ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook